[Image]2ထုတ်ဝေသူအလင်းရောင်စာကြည့်တိုက်မျက်နှာဖုံးအနုပညာကိုအောင်သာငယ်အတွင်းပန်းချီသရုပ်ဖော်ကိုအောင်လတ်ပုံနှိပ်ခြင်းပထမအကြိမ်၊ ဖေဖော်ဝါရီလ၊ ၂၀၁၀ ခုနှစ်
3မာတိကာထုတ်ဝေသူ၏အမှာစာ ၇ကဗျာဆရာ၏အမှာစာ ၉ကျေးဇူးတင်လွှာ ၁၀ကိုယ်ရေးအတ္ထုပ္ပတ္တိအကျဉ်း ၁၁“အပိုင်းတစ်(အိပ်မက်ထဲကခေါင်းဆောင်)”အိပ်မက်ထဲက ခေါင်းဆောင် ၁၄“အပိုင်းနှစ်(နိုင်ငံရေးကဗျာစု)”ကြယ်တွေပြိုင်တူလင်းဖို့လိုတယ် ၁၈ကျွန် ၂၀အမှတ်ပေးစည်းမျဉ်း ၂၄မွေးရပ်မြေရဲ့အကြောင်း ၂၆အငို ဒုက္ခတိုင်းပြည် ၂၉ကမ္ဘာ ၃၂ကလေး ၃၆အိပ်မက်အကြို ၃၈ခက်တယ် ၃၉မျက်နှာနှစ်ဖက်နဲ့ ဒင်္ဂါးတစေ့ ၄၂
4မြင်ကွင်း ၄၆ပါရမီမြောက်တဲ့ ဝဋ်ကြွေး ၄၉“အပိုင်းသုံး(အမေ့အိမ်ကို လွမ်းဆွတ်မှု ကဗျာစု)”အမေ့အသံ ၅၄အမေတခြား သားတခြား ၅၅မေမေ စန်တာကလော့စ် ၅၇ရုပ်ပျက်ဆင်းပျက် တိုက်တန်းနစ် ၅၉“အပိုင်းလေး(ရန်ကုန်)”ငါနေတဲ့ နေရာ ၆၄နန်းအချ ခံခဲ့ရတဲ့မြို့ ၆၅“အပိုင်းငါး(ရင်ခုန်သံ ငါးဆယ့်လေး)”အမေ (သို့မဟုတ်) မီးလျှံထဲက ဖီးနစ်ငှက် ၇၀ရင်ထဲကအမေ ၇၂“အပိုင်းခြောက်(ဖောက်ထွက်တွေးကြည့်မှု ကဗျာစု)”ငါသုံးငါ ၇၈လူညီမျှခြင်းလူ ၈၁မိဘမကောင်း သားသမီးခေါင်း ၈၃
5ကွက်လပ်ထဲမှာ ၈၅စာအုပ်တချို့ထဲကသမိုင်း ၈၈တခါတခါကောင်းရင်မကြိုက်တဲ့လောက ၉၀ဝေရင်းနဲ့ကြွေ ၉၁အရွေ့ ၉၂“အပိုင်းခုနစ်(ကျောင်းသားဘဝနဲ့ တက္ကသိုလ်)”လူငယ် ၉၆တက္ကသိုလ် ၉၈နို့ရည်ခန်းနေတဲ့ မိခင် ၉၉အေးဘက်ဆိုတဲ့ တက္ကသိုလ် ၁၀၁“အပိုင်းရှစ်(ပုဂ္ဂလိက ပေါက်ကွဲမှု)”ခေါက်ရိုးကျိုးနေတဲ့ ဇောက်ထိုး ၁၀၈တိုက်စစ်မှူးမဟုတ်တဲ့ တိုက်စစ်မှူး ၁၁၀အရည်အချင်း ၁၁၂ကဗျာမာန ၁၁၃“အပိုင်းကိုး (အချစ် ကဗျာစု ၊ ဘဝ ကဗျာစု)”ကဗျာလေးထဲမှာ ဆက်အိပ်ပါရစေ ၁၁၈အချစ်ဆိုတာ ၁၁၉ဖူးစာရေးနတ်သို့ ၁၂၂
6ညှို့မျက်စောင်း ၁၂၄အမှတ်မထင် ၁၂၅အနမ်းလှေမဲ့ ကမ်းခြေနှစ်ဘက် ၁၂၇အချစ်ဆိုတဲ့ ထရိုဂျန် ၁၂၉အိပ်မက်ဆိုးရာသီ ၁၃၀ကိုယ့်နည်းကိုယ့်ဟန်နဲ့ အိုမာခယမ် ၁၃၂နောက်ဆုံးပိတ် အရသာ ၁၃၄ဒုက္ခရဲ့ လက်နှစ်ဘက် ၁၃၅မရှိခိုက် ၁၃၆ခရီးသည် ၁၃၇ဒေါက်ပြုတ်သွားတဲ့ ကျောက်ရုပ် ၁၃၈ည ၁၄၀ဘဝ ၁၄၂ကဗျာချစ်သူ ၁၄၆ဘာမြူဒါ ၁၄၇“အပိုင်းတဆယ်(ကဗျာအမြည်း စာအမြည်း)”ကဗျာအမြည်း စာအမြည်း ၁၅၀
7ထုတ်ဝေသူ၏ အမှာစာကဗျာဆရာ ကောင်းကင်ကို၏ အင်တာနက်လှိုင်းများပေါ်တွင် ပျံ့လွင့်နေသောကဗျာစာသားများသည် ပုံနှိပ်စာမျက်နှာများအဖြစ် ပထမဆုံးအကြိမ် စုစုစည်းစည်းပေါ်ထွက်လာခဲ့ပေပြီ။ကောင်းကင်ကို ၏ မကျွတ်သေးတဲ့ တစ္ဆေ ကဗျာစာအုပ်ကို ထိုင်းနိုင်ငံယာယီအခြေစိုက် အလင်းရောင် စာကြည့်တိုက်မှ ဖြန့်ဝေလိုက်ပါသည်။ V.O.A မြန်မာပိုင်းအစီအစဉ်မှ ထုတ်လွှင့်ခဲ့သော ကောင်းကင်ကို၏ ကဗျာများနှင့် အလင်းရောင် စာကြည့်တိုက်၏အပတ်စဉ် စာစောင်တွင် ထည့်သွင်းဖော်ပြခဲ့သော ကဗျာများအပါအဝင် ကောင်းကင်ကို၏blog ပေါ်မှ ကဗျာများကို ပုံနှိပ်ကဗျာစာအုပ်အဖြစ် အလင်းရောင် စာကြည့်တိုက် မှ ပထမဆုံးအကြိမ် ထုတ်ဝေလိုက်ခြင်း ဖြစ်ပါသည်။အနုပညာဖန်တီးမှုတို့သည် အနုပညာရှင်တို့ ဖြတ်သန်းခဲ့သောခေတ်ကို ထင်ဟပ်သည်ဟူသော စကားရှိပါသည်။ စီးဆင်းတုန့်ပြန်မှု အလွန်မြန်ဆန်လွယ်ကူသော အင်တာနက်ခေတ်တွင် ထောက်ခံမှု၊ ကန့်ကွက်မှု၊ နာမည်ကြီးမှုတို့အတွက်လက်သွေးရုံ စမ်းသပ်ကွင်းတခုလား၊ အမှန်တရားကို ခံစားမိသလို ရိုးရိုးသားသား ထင်ဟပ်ခဲ့သော ခေတ်ကြေးမုံတချပ်လား၊ အဖြစ်ကိုအဖြစ်အတိုင်း ကွက်ကွက်ကွင်းကွင်း တွေးမြင်နိုင်အောင် မတွန့်မဆုတ် ထောက်ပြရဲသော ကလောင်သွားတခုလားဆိုသည်ကို ကဗျာချစ်သူများကသာ အဆုံးအဖြတ်ပေးပေလိမ့်မည်။အွန်လိုင်းပေါ်မှ ကောင်းကင်ကို blog ၏ စာဖတ်ပရိသတ်များနှင့်ကောင်းကင်ကို၏ ကဗျာများကို တပုဒ်ချင်း ထိုင်စုနေရသော အလင်းရောင် စာဖတ်ပရိသတ်များ အပါအဝင် ကဗျာချစ်သူများအားလုံးအတွက် ဤကဗျာစာအုပ်သည် စိတ်အာဟာရတခွက်အဖြစ် စွမ်းဆောင်ပေးနိုင်မည်ဆိုလျှင် အလင်းရောင်စာကြည့်တိုက်ကော်မတီဝင်များနှင့် အလင်းရောင်စာဖတ် အသင်းသူ၊ အသင်းသားများအနေနှင့် ကဗျာစာအုပ်ကို ကြိုးစားထုတ်ဝေရကျိုး နပ်ပါပြီ။ နိုင်ငံရေး နှင့် ရသ၏ အတွဲအဖက်ကို ပေါင်းစပ်ခံစားချင်သူများ၊
8ရင်ခုန်ကြည်နူးဖွယ် ၁၅၀၀ အချစ်နှင့် မကင်းနိုင်သူများနှင့် မွေးရပ်မြေကို လွမ်းဆွတ်နေသူများ အားလုံးအတွက် စာအုပ်စင်တွင်အမှတ်တရ ထားရှိသင့်သော မကျွတ်သေးတဲ့ မြန်မာပြည်သူပြည်သားများအတွက် မကျွတ်သေးတဲ့ တစ္ဆေ ။အလင်းရောင်စာကြည့်တိုက် ကော်မတီ
9ကဗျာဆရာ၏ အမှာစာကျနော့်ရဲ့ blog ဖြစ်တဲ့ kaungkinko.blogspot.comမှာရှိတဲ့ ကဗျာတွေကိုတစုတစည်း တည်း ပုံနှိပ်စာအုပ်အဖြစ် မြင်ခွင့်ရလို့ ဝမ်းသာပီတိဖြစ်မိပါတယ်။ကျနော့်ကဗျာတွေကို အပိုင်းဆယ်ပိုင်းခွဲပြီး တင်ဆက်ထားပါတယ်။ နောက်ဆုံးအပိုင်းတဆယ်မှာ စာမျက်နှာ အခက်အခဲကြောင့် တပုဒ်လုံး ဖော်ပြခွင့်မရတဲ့ ကဗျာတွေနဲ့ ဝတ္ထုတို တပုဒ်ထဲက စာသားတွေကို “ကဗျာအမြည်း၊ စာအမြည်း” အဖြစ် ဖော်ပြထားပါတယ်။စာလုံးပေါင်း သတ်ပုံနဲ့ ပတ်သတ်ပြီးတော့ ကျနော် ပြောချင်တာ တခု ရှိပါတယ်။I ကို “ကျွန်တော်” နဲ့ “ကျနော်” ဆိုပြီး နှစ်မျိုးသုံးနေကြတဲ့နေရာမှာ (“ကျွန်” ကဗျာက လွဲလို့ )“ကျနော်” ဆိုတဲ့ သတ်ပုံကို ဒီစာအုပ်မှာ အသုံးပြုထားပါတယ်။ “ကျွန်” ဆိုတဲ့ ကဗျာမှာတော့ပိုမိုလေးနက်စေချင်တဲ့ အတွက် “ကျွန်တော်” လို့ ပဲ အသုံးပြုထားပါတယ်။ဒီစာအုပ်မှာ “ကျနော်” လို့ အသုံးပြုထားပေမယ့် “ကျွန်တော်” လို့ စာလုံးပေါင်းခြင်းကို မှားတယ်၊ မသုံးသင့်ဘူးလို့တော့ မယူဆပါဘူး။ “ကျနော်” ဆိုတဲ့ အသုံးကိုပုဂ္ဂလိက ဆန္ဒအရ ပိုကြိုက်တဲ့အတွက် အသုံးပြုထားခြင်းသာဖြစ်ပါတယ်။ နှစ်ခုလုံးကိုကိုယ်နှစ်သက်ရာ(ဒါမှမဟုတ်) ကိုယ်အကျင့်ပါနေတဲ့အတိုင်း သုံးနိုင်တယ်လို့ ယူဆထားပါတယ်။ကျနော်ရွေးချယ်ထားတဲ့ ကဗျာတေနွဲပ့ ရသိ တဖ် တလ် တိဲု့ကဗျာတွေထပတ် ကျူလမိ့်မယ်လို့ မျှော်လင့်မိပါတယ်။10ကျေးဇူးတင်လွှာဤကဗျာစာအုပ်ကို ထုတ်ဝေပေးသည့် အလင်းရောင် စာကြည့်တိုက် ကော်မတီဝင်များနှင့် အသင်းဝင်များ၊ အတွင်းပန်းချီ၊ ဒီဇိုင်းနှင့် နောက်ကျောဖုံးကို မေတ္တာဖြင့်အလှဆင်ပေးသော ကိုအောင်လတ်၊ ကဗျာစာအုပ်၏ မျက်နှာဖုံးကို မေတ္တာဖြင့် ခြယ်မှုန်းပေးသောbloggerကဗျာဆရာ ကိုအောင်သာငယ်၊ အစစအရာရာကူညီခဲ့သော ကိုကျော်ဝင်း၊ကိုကျော်အောင်လွင် နှင့် အမည်မဖော်ပြစေလိုသူများ၊ သတ်ပုံများ ကူညီ စစ်ပေးခဲ့သောညီမငယ် အမရာ နှင့် အားပေးဖတ်ရှုကြသော ကဗျာချစ်သူ စာချစ်သူ အာလုံးတို့ အားအထူးကျေးဇူးတင်ပါသည်။
11“ကိုယ်ရေးအတ္ထုပ္ပတ္တိအကျဉ်း”ကောင်းကင်ကို အား ၁၉၇၇ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့ တွင် မွေးဖွားခဲ့ပါသည်။ ၂၀၀၃ ခုနှစ်တွင် မန္တလေး စက်မှုတက္ကသိုလ်မှ အင်ဂျင်နီယာဘွဲ့ ရရှိခဲ့ပြီး ယခုအခါ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရှိ အေးဘက် တက္ကသိုလ်တွင် ပညာ ဆက်လက် ဆည်းပူးရင်းဝက်(ဘ်)ဆိုဒ်များနှင့် သူ၏ကိုယ်ပိုင် ဘလော့ပေါ်တွင် ကဗျာများရေးသားလျက်ရှိပါသည်။ကောင်းကင်ကို၏ ကဗျာများဖြစ်သည့် “ကျွန်”၊ “ငါနေတဲ့နေရာ”၊ “ဧရာဝတီရဲ့ ရင်သွေးများအတွက်” “ကြယ်တွေလွှတ်မယ့် သက်တန့်  ရောင်စဉ်” “ရင်ထဲက အမေ”စသည့်ကဗျာများကို ဗွီအိုအေ မြန်မာပိုင်း အစီအစဉ်မှ ထုတ်လွှင့်ခဲ့ဖူးပါသည်။ ကောင်းကင်ကို၏ကဗျာများ၊ စာများကို kaungkinko.blogspot.com တွင် သွားရောက် လည်ပတ်ဖတ်ရှုနိုင်ပါသည်။ ကောင်းကင်ကိုအား ဆက်သွယ်လိုပါက kaungkinko @gmail.comသို့ ဆယ်သွယ်နိုင်ပါသည်။
12“အပိုင်းတစ် (အိပ်မက်ထဲက ခေါင်းဆောင်)”“ သူ့ အဖြူရောင် သန့် သန့် အချစ်တွေကိုအမည်းရောင်အောက်ခံခေတ်မှာထင်ဟပ် ကြည့်ခွင့်ရတော့သမိုင်းတခုဟာ ရင်သပ်ရှုမော... ”
1314အိပ်မက်ထဲက ခေါင်းဆောင်ဂန္ဒီ… ၇၆နှစ်၊ ဟို…၅၅နှစ် တို့ နဲ့ ရင်ပေါင်တန်းလို့ တို့ နိုင်ငံရဲ့… ဟီးရိုးလက်တောက် ဗိုလ်ချုပ်အောင်ဆန်းနယ်ချဲ့ စနစ်ကို… မီးခိုးကြွက်လျှောက် ပြိုလှုပ်အောင်စွမ်းခဲ့တယ်။သူ့ အဖြူရောင် သန့် သန့် အချစ်တွေကိုအမည်းရောင်အောက်ခံခေတ်မှာထင်ဟပ် ကြည့်ခွင့်ရတော့သမိုင်းတခုဟာ ရင်သပ်ရှုမော။ကွာတယ်…မိုးနဲ့ မြေလို ကွာတယ်ကွာတယ်…သူခိုးနဲ့ အဖေလို ကွာတယ်တံတွေးခွက်ထဲမှာ မျှောရင်းသွေးကွက်ထဲမှာ တောနင်းလို့ သိုက်တူးနေကြတဲ့ သူတွေကြားမှာ…ဝတ္ထုဇာတ်ကောင်ဆန်ဆန်ငါးမူးတန်းကနေ ရုပ်ရှင်ကြည့်ခဲ့တဲ့ သူ့ ကိုလွမ်းတယ်။မထူးဆန်းပေမယ့် ထူးဆန်းတယ်။သူ့ ကြောင့်လွတ်လပ်သွားခဲ့ဖူးတဲ့ နိုင်ငံမှာသူ့ ပုံကားချပ်တွေလိုက်ဝေတာဟာစွန့် စားပြီးလုပ်ရတဲ့ အလုပ်တဲ့။
15မထူးဆန်းပေမယ့် ထူးဆန်းတယ်။အာဇာနည်နေ့ မှာအာဇာနည်တယောက်ပုံပါတဲ့ အင်္ကျီတွေအာဇာနည်ကုန်းပေါ် ဝင်ခွင့်မရခဲ့ဘူး။သြော်…လွတ်လပ်ခြင်းနဲ့ ဒီမိုကရေစီအဖ သွေးနဲ့ စိုက်ခဲ့တဲ့ပန်းသားတို့ နမ်းခွင့်မရလိုက်ဘူး။
16“အပိုင်းနှစ် (နိုင်ငံရေးကဗျာစု)”“ ရှေ့မှာလည်းတစ္ဆေတကောင်သေနတ်ကိုင်ပြီး စောင့်နေတယ်။တစ္ဆေမကြောက်သင့်တဲ့ အချိန်မှာတော့ငါတို့ မျက်လုံးတွေ ကန်းသင့်ရင် ကန်းထားရလိမ့်မယ်။ ”
1718ကြယ်တွေ ပြိုင်တူလင်းဖို့ လိုတယ်သုည တလုံးဟာရှေ့ဆုံးမှာ မနေသင့်ဘူး။မင်းတို့ နေရာပျောက်မှာ ကြောက်တာနဲ့ ခန်းမ တခုလုံး ဖျောက်ထားရသလား။မိုးကြိုးလျှပ်စီးရယ်မင်း..ငါတို့ ကို ပစ်ခတ် ပြာချလည်းမင်းလည်း ခဏပဲ လင်းမှာပါလမင်းတော့ ဖြစ်လာမှာ မဟုတ်ဘူး။သူငယ်ချင်းတို့ ရေမိုးတိတ်မှ အပြင်ထွက်မယ်ဆိုတဲ့ စိတ်ဓာတ်တွေနဲ့ တော့ဘယ်ကိုမှ ရောက်မှာ မဟုတ်ဘူး။ယုံကြည်ချက်တွေကိုထမ်းပြီးကမ္ဘာသစ်ဆီ သွားမယ့်လမ်းဟာကြမ်းတော့ ကြမ်းလိမ့်မယ်။ရှေ့မှာလည်းတစ္ဆေတကောင်သေနတ်ကိုင်ပြီး စောင့်နေတယ်။
19တစ္ဆေမကြောက်သင့်တဲ့ အချိန်မှာတော့ငါတို့ မျက်လုံးတွေ ကန်းသင့်ရင် ကန်းထားရလိမ့်မယ်။ပြီးတော့တောက်ပနေတဲ့ မျက်လုံးအသစ်တွေနဲ့ အိပ်မက်တွေကိုပဲ တည့်တည့်ကြည့်ပြီးရဲရဲဝံ့ဝံ့လျှောက်ရအောင်။မီးပျက်နေတဲ့ ညတွေမို့ကြယ်တွေပြိုင်တူ လင်းဖို့ လိုတယ်။
20ကျွန်ရှေးရှေးတုန်းကတော့နယ်ချဲ့တွေက ကျွန်ပြုဖို့ ကျွန်တော်တို့ ဆီကိုလာတယ်။ဒီဘက်ခေတ်မှာတော့ကျွန်ခံဖို့ ကျွန်တော်တို့ ကိုယ်တိုင် ခရီးထွက်ရတယ်။လူဖြစ်ပေမယ့် ရွေးချယ်ခွင့်က မရှိခဲ့ဘူး အမေရယ်။ကျွန်တော့် အဖြစ်ကအိပ်မက်ထဲက ကမ္ဘာကိုကျွန်ရွာမှာမှ သွားရှာမိတဲ့ အဖြစ်။သေရင် မြေကြီးဆိုတာကတော့ မှန်ပါတယ်။ရှင်ရင်တော့ မစို့ မပို့ ငွေလေးက ကျွန်တော်တို့ အတွက်ရွှေထီးပေါ့။တရွာပြောင်းပေမယ့် သူကောင်းတော့ မဖြစ်ခဲ့ပါဘူး။ကျွန်ပဲဖြစ်ခဲ့တယ်။ကြောက်ရင်လွဲ ရဲရင်မင်းဖြစ်သတဲ့။ကျွန်တော်… အမေနဲ့ ညီမလေးတွေအတွက် ရဲခဲ့ပါတယ်။ကျွန်ပဲ ဖြစ်နေသေးတယ် အမေ။ကျွန်တော့်ရဲ့ ရဲရင့်မှုတွေကပဲ နေရာလွဲခဲ့လို့ လား။ကိုယ့်အခွင့်အရေးကို သိဖို့ နေနေသာသာတချို့သူငယ်ချင်းတွေဆို ကိုယ့် အသက်ဘယ်လောက်ရှိမှန်းတောင် မသိရှာဘူး။
21တချို့ကလေးတွေဆို မြန်မာ နာမည်တောင် မရှိရှာဘူး။ဘော့(စ်)ဆိုသူတွေ ပေးတဲ့နာမည်တွေ ပဲ ရှိကြတယ်။အမေပြောတော့ အလုပ်လုပ်ရင် ကြီးပွါးမယ်ဆို။အလုပ်လုပ်လေ ပိုခိုင်းလေလေပဲ အမေ။ကျွန်ဖြစ်လေလေပဲ အမေရဲ့။လူအချင်းချင်းဆိုတဲ့ အသိသူတို့ မှာ မရှိဘူး အမေ။သွေးစုပ်ဖို့ ပဲ သူတို့ သိတယ်။အမေရယ်ကျွန်တော်လည်း အစကတော့ချစ်သူရဲ့ မျက်နှာသုတ်ပုဝါလောက် ဖြစ်ဖို့ မှန်းပြီးထွက်ခဲ့တာပေါ့။အခု ဖြစ်လာတာက အားလုံးရဲ့ ခြေသုတ်ပုဆိုးမရှိသေးတဲ့ အစွယ်တောင် ကျိုးခဲ့ပြီ။ခုတော့ကျွန်တော့် အသည်းနှလုံးကလည်းကျွန်အချင်းချင်းတောင်ပြန်မစုပ်ချင်တဲ့ သရက်စေ့ တစေ့ပေါ့။ကိုယ့်ကိုယ်ကို ကျွန်လို့ သုံးလို့ မငိုလိုက်ပါနဲ့ အမေရယ်။သူတို့ ဒေါသလေးတချက်ထွက်ရုံနဲ့ ရာဘာခင်းထဲ ရက်ရက်စက်စက် အသတ်ခံရနိုင်တာဆိုတော့
22ကျွန်တော်တို့ အသက်တချောင်းကရာဘာပင် တပင်လောက်တောင်တန်ဖိုးမရှိဘူးအမေ။သူတို့ အချစ်တော် ကြောင်လေးတကောင်လောက်တောင် တန်ဖိုး မရှိဘူး။ဒါကို ကိုယ့်ကိုယ်ကို သခင်လို့ မျက်လုံးစုံမှိတ်ပြီး ကြွေးကြော်နေရမှာလား။အနာရှိတာကို လက်ခံမှ ဆေးထည့်လို့ ရမှာပေါ့ အမေ။လူတွေ ပြောတော့မြန်မာ အချင်းချင်း ရိုင်းပင်းတယ်ဆို။ကောင်းတဲ့သူတွေ လည်း အများကြီး ရှိပါတယ်။တချို့ကတော့ တော်တော့်ကိုဆိုးတယ်။ကျွန်တော်တို့ ရွှေလို့ ခြုံငုံခေါ်နေတဲ့အထဲက တချို့ကပဲအချင်းချင်း ရောင်းစားနေကြတာ အမေ။တိုင်းပြည်မီးလောင်လို့ အချင်းချင်းချနင်းရက်တာလား။ဘာပဲဖြစ်ဖြစ် သူတို့ လူစိတ်မရှိတာ ကတော့သေချာပါတယ်။ရွှေဆိုတဲ့ စကားလုံးကအကုန်လုံးနဲ့ တော့မတန်ဘူး အမေ။သူတို့ ကို ရွှေစာရင်းထဲက ကျွန်တော်ထုတ်တယ်။ဟိုတလောက စာအုပ်ထဲမှာ ဖတ်လိုက်ရတယ်အမေ။လင်ကွန်းဆိုတဲ့ သူက ကျွန်စနစ် ပပျောက်အောင်လုပ်ပေးခဲ့သတဲ့။ဘယ်မှာ ဟုတ်လို့ လဲ အမေရယ်။သားတို့ ကိုလာကြည့်စမ်းပါ။သူလုပ်နိုင်ခဲ့တာ သူ့ နိုင်ငံကွက်ကွက်လေးပဲသူ့ ကိုလေးစားပေမယ့်
23ကျွန်တော်တို့ အတွက်တော့ သူကသမိုင်းတင်လောက်အောင် မစွမ်းသေးပါဘူးအမေရယ်။လူ့ အဖြစ်က ရခဲတယ်ဆို။ရခဲ တာပဲ ကောင်းပါတယ် အမေ။ကျွန်တော် လူမဖြစ်ချင်တော့ဘူး။ကျွန်တော် ငှက်တွေကို ငေးကြည့်မိတယ် အမေ။ငှက်အချင်းချင်း အမျိုးအနွယ်မတူလို့ ရက်စက်ကြတာမရှိဘူးအမေ။ငှက်တွေမှာ ပြည်တွင်းစစ်မရှိဘူး။ငှက်တွေမှာ ဘာသာရေး အဓိကရုဏ်းတွေ မရှိဘူး။ငှက်တွေမှာ ကိုယ့်အသိုက်အမြုံကို ဗိုလ်ကျပြီး အတင်းရွှေ့ ခိုင်းတာမျိုး မရှိဘူး။ငှက်တွေ ကံဆိုးမိုးမှောင်ကျပြီး လှောင်အိမ်ထဲမှာ နေရရင်တောင်သူတို့ သခင်က သူတို့ ကို အချစ်နဲ့ လှောင်ထားတာ။ကျွန်တော်တို့ ကတော့ အမုန်းနဲ့ လှောင်ထားခြင်းခံရတယ်။မေတ္တာ အရမ်းငတ်တယ် အမေရယ်။ကမ္ဘာ့ ခေါင်းဆောင်တွေကလည်းကျွန်တော်တို့ ငိုသံတွေ ဘယ်လောက်ကျယ်ကျယ်အမျိုးသား အကျိုးစီးပွါး ဆိုတဲ့ စကားလုံးအောက်မှာနားမကြားကြဘူး ထင်ပါရဲ့ ။လူ့ အခွင့်အရေးဆိုတဲ့ ပန်းဟာဖိနှိပ်သူတွေရဲ့ နှုတ်ခမ်းမှာ မပွင့်ဘူး အမေ။ကျွန်စနစ်ဟာစာရွက်ပေါ်မှာတောင်မှမပပျောက်သေးပါဘူး အမေရယ်။
24အမှတ်ပေးစည်းမျဉ်းခေါင်းဆောင်ဆိုတာကိုယ့်ဘဝကိုယ် အစာလို တပ်ပြီးငါးတွေ ကောင်းစားဖို့ အတွက်ငါးတွေကိုပဲ ပြန်မျှားရမယ့်သူ။ခေါင်းဆောင်ဆိုတာငါးကြင်းထု အကျိုးအတွက်ငါးကြင်းဆီနဲ့ ပဲငါးကြင်းသားကို ကြော်ပေးရမယ့်သူ။ခေါင်းဆောင်ဆိုတာပြာဖုံးနေတဲ့ မီးခဲတွေကို ကောက်စားအိပ်မက်တွေ အကောင်ထွားအောင်မြှောက်စားသင့်သူကို လည်းမြှောက်စားရမယ်ကိုယ့်ကိုကျော်တက်သွားမှာ မကြောက်တဲ့သူ။ခေါင်းဆောင်ဆိုတာမက်လုံးတွေကို ယူချင်အောင်အစထုတ်အခက်ဆုံးတွေကို လူမမြင်အောင် ခဏအုပ်ပြီးဆေးခါးကို သကြားအုပ်တဲ့ အတတ်နဲ့ ပရိယာယ်တွေလည်း တတ်ရမယ်။
25ခေါင်းဆောင်တယောက်ဟာလူတယောက်ကို မျိုးစေ့တစေ့လို မြင်ရမယ်။ပုရွက်ဆိတ်အုံလိုပုံစံမျိုးနဲ့ ဥယျာဉ်တခုဆောက်ပါ။ခေါင်းဆောင်ဟာမျက်လုံးတထောင်နားတထောင်နဲ့ အသံတိတ်ငိုသံတွေက အစ ကြားယောင်တတ်ရမယ်။အံကြိတ်မျိုသံတွေက အစ နားထောင်တတ်ရမယ်။ခေါင်းဆောင်တယောက်ရဲ့ခေါင်းထဲကိုခွဲကြည့်ကိုယ်ဝန်ဆောင်သစ်ပင်တွေကိုမီးဖွားပေးနေတဲ့ ဆေးရုံတရုံ တွေ့ လိမ့်မယ်။
26မွေးရပ်မြေရဲ့အကြောင်းကမ္ဘာအနှံ့ က “ရွှေ”…တံဆိပ် လော်စပီကာ တွေကူပါ ကယ်ပါ တကြော်ကြော်အော်နေရတဲ့ကျနော့်ရဲ့ မွေးရပ်မြေ အကြောင်း နဲ့ ခင်ဗျားတို့ နားထဲကို သံရည်ပူ လောင်းပါရစေ ။ဆရာဝန်တွေက ဆေးရောင်းအင်ဂျင်နီယာတွေက ဈေးရောင်းတော်သူတွေအကုန် ဘေးဂျောင်းလူငယ်တွေ အကုန် အတွေးစောင်းခွင်ရှာနိုင်မှ သူဌေးလောင်း ဖြစ်နိုင်မယ်။အစိုးရကအစ သူခိုးဓားပြ တွေဆိုပေါင်းစားတတ်ရင်တော့ မိုးကျရွှေကိုယ်တိုင်းပြည်တခုလုံး ပိုးကျနေလို့ သူများဆီမှာ ကျွန်ခံဖို့  goကြပေဗျို့ ။ညဥ့်ငှက်မလေး တယောက်က ဖောက်သည်မျှော်မိန်းမတန်ဖိုးကို ရောင်းဖို့ စောင့်နေမယ်နော် တဲ့။ဈေးသည်မလေးတယောက်က ဝယ်သူမျှော်အကြွေးပင်လယ်ကြီးထဲ ကယ်သူမပေါ်ခေတ်ကြီးကိုက လည်သူဆော်။
27ရှေ့ နောက် မစဉ်းစားမိခဲ့တဲ့ မောင်နှံရှိသမျှ ပစ္စည်းလေးတွေကို ပေါင်နှံမွေးလာမယ့် ကလေးကတော့ အချောင်ခံ။ဂျာနယ်တွေက အတင်းအဖျင်း ရောင်းစားလူပွဲစားတွေက အချင်းချင်း ရောင်းစားလူတချို့ က လမ်းမတွေပေါ်မှာ တောင်းစားကလေးငယ် တယောက် မျက်နှာငယ်လေးနဲ့ ကျောင်းသွားပါရာဒို တစီးက ဗွက်တွေ စင်အောင် မောင်းသွား။ငါတို့ ငိုသံတွေကိုအိမ်နီးချင်း နိုင်ငံတချို့က မကြားချင်ယောင်ဆောင်နေကြတယ်ဖျာခင်းချင်သူ တချို့ကလည်း သနားချင်ယောင်ဆောင်နေကြတယ်။မီးခဲကိုင်ထားရသလိုပဲဆိုတဲ့ စေတနာရှင်တို့ ၊ဦးတည်ချက် ဆယ့်နှစ်ရပ်နဲ့  လူ့ ပြည်ကိုဖျက်နေတာလား။ခင်ဗျားတို့ စကားလုံး ကြီးကြီးတွေက ကော်ပီ သံစဉ်ပါ။တပြည်လုံးလည်း နားငြီးနေပြီ... အော်ဂလီ ဆန်ချင်စရာ။ကိုယ့်ကိုယ်ကို ပြန်ကြည့်မိတော့လည်းမနှစ်ကလည်း ဒီနေရာဒီနှစ်လည်း ဒီနေရာရပ်နေလည်း ဒီလောက်ပြေးသွားလည်း ဒီလောက်မို့ 
28ငါ့ ခြေထောက် တွေကတောင် ငါ့ကို ပြောတယ်။သူတို့ ဆက်မလျှောက်ချင်တော့ဘူးတဲ့။ငါ့လက်တွေကလည်း ဖောက်ပြန်တယ်။အရှုံးပေး လက်မြှောက်ပြီး ထောက်ခံတယ်။ဒီလိုနဲ့ ...စိတ်ထဲမှာပဲ သိမ်းထားနေရတဲ့ အိပ်မက်တွေလည်း ခေါက်ရိုးကြေ။ဖြစ်ချင်တာနဲ့ ဖြစ်လာတာတွေက ဇောက်ထိုးတွေ။လူ့ သက်တမ်း တဝက်ကျိုးပြီဆိုတဲ့ အချက်ပေးသံတွေလည်း မြည်လာပြီ။ကျန်တဲ့သက်တမ်း တဝက်ကို ဆက်လျှောက်လှမ်းဖို့ တောင် အီလာပြီ။“ဆန်တပြည်ကို ၁၅၀၀ တောင်” အဲဒါ အဘွားညည်းတဲ့ အသံ။“မြန်မာပြည်ဟာ ဘယ်သူမှ မနေချင်ကြတော့တဲ့ အရပ် ဖြစ်သွားပြီ” အဲဒါခါးသီးတဲ့ အမှန်။ဒီကြားထဲ…နာဂစ်က တချက်မွှေ့ ဧရာဝတီက လူတွေခမျာ အသက်စေ့တချို့ လူတွေကလည်း အကွက်ရွှေ့ အစိုးရ ကုလားထိုင်ကတော့ တချက်မရွေ့ မြန်မာပြည်ကြီးကတော့ ဝမ်းဗိုက်ဟောင်းလောင်းနဲ့ အခက်တွေ့ ။အစိုးရကအစ သူခိုးဓားပြ တွေဆိုပေါင်းစားတတ်မှ မိုးကျရွှေကိုယ်တိုင်းပြည်တခုလုံး ပိုးကျနေလို့ သူများဆီမှာ ကျွန်ခံဖို့  go ကြပေဗျို့ ။
29အငိုဒုက္ခတိုင်းပြည်လိုသလို ပုဒ်မ ချလို့ ရတဲ့အငို ဒုက္ခ တိုင်းပြည်မှာမိစ္ဆာတွေ ဘုရင်လုပ် နေသည်။လိပ်ပြာတွေကို နှင်ထုတ်နေသည်။သွေးညှီနံ့တွေနဲ့  ချဉ်စုတ် နေပြီ။လူတွေအားလုံး ရင်ရှုပ် နေသည်။တက္ကသိုလ်များ လယ်ကွင်းထဲသို့ ပြောင်းသွားလေပြီ။ဘွဲ့ ရတယောက် အလုပ်မရ၍ ခေါင်းစားနေသည်။မော်ဒန်ဓားပြတို့ ကျ ကောင်းစားနေသည်။အိတ်ကပ်ကြီးတွေ ဖောင်းကားနေသည်။တိုင်းပြည်ကြီးကို တညီတညွတ်တည်း ရောင်းစားနေပြီ။ယတြာတွေချေပြီး မန်းမှုတ်နေပြီ။သံဃာတွေကိုတောင် ဝရမ်းထုတ် နေပြီ။အလှူရှင်တွေ မရှောင် ဖမ်းချုပ်နေပြီ။လူမဆန်စွာ ကြမ်းကြုတ်နေပြီ။ဖြုတ်ဦးနှောက်တွေနဲ့ ..အရမ်း..လုပ်နေပြီ။သူတို့ ခေါင်းထဲ..သွားမကြည့်နဲ့ ..ဘာမှမရှိဘူး..အဟောင်းသား။လူတွေလည်း..တွေးလာကြတယ်..တရွာ ပြောင်းရင်..ကောင်းမလား။ဒီလိုနဲ့ ပဲ..မိသားစုတွေ..မဆုံဆည်းနိုင်လောက်အောင်..ချောင်းခြား။
30ဘဝနဲ့ ရင်းပြီး..ကြိုးစားတာတောင်.. မရေရာတဲ့ ...လောင်းကစား။ဒါတွေဟာ.. အမေတကွဲသားတကွဲ.. ဖြစ်နေရတဲ့.. အကြောင်းများ။ရင်ထဲကို.. သောကငှက်တွေ.. ကျူးကျော်လာတာတောင်.. မမောင်းအား။သူငယ်ချင်းတချို့  အလုပ်ရှာဖို့ ..စင်ကာပူကို ထွက်နေကြတယ်။အလုပ်မရရင် သိန်းနှစ်ဆယ်လောက်.. ရှုံးပြီဆိုတော့ မျက်ရည်ကျမယ်။ကြိုးစားကြည့်လိုက်မှ ပိုဆိုးသွားတတ်တာ.. ဒီခေတ်ဆိုးရဲ့ သက်သေတစပဲ။ကမ္ဘာက သာမန်လူတွေနဲ့ ငါတို့ကာရံတူရုံလေးတောင်.. ဘာလို့ ဒီလောက်အထိခက်နေရသလဲ။မြေညီထပ်လေး ရောက်ဖို့ တောင်…ကိုယ့်မာနကိုယ်... လှေကားလိုနင်းပြီး..တက်နေရဆဲ။ဆန္ဒခံယူပွဲ အတုကြီးနဲ့ လည်း ကမ္ဘာကိုတောင်... နားလှည့်ပါးရိုက်။မသူတော် အချင်းချင်းကျတော့ အိမ်နီးချင်းကောင်း ဆိုတဲ့... စကားနဲ့ ဖားလိုက်။သူငယ်ချင်းတို့ ......သူတို့ မျှားလာတဲ့ ငါးစာတွေကို …မစားနဲ့ ထားလိုက်။သူတို့ ကုလားထိုင်...လှုပ်မယ့် အရေးမျိုးတွေမှာခြောက်ဆယ့်နှစ်တုန်းကထက်လည်း သွေးဆိုး နိုင်တယ်။နောင်တချိန်မှာ ဘုန်းကြီးကျောင်းတွေကို ဒိုင်းနမိုက်နဲ့မဖောက်ဘူးလို့ဘယ်သူပြောရဲသလဲ။ကမ္ဘာ့မြေပုံကြီးထဲက သွေးကွက်လေး တကွက်ရဲ့ ကံကြမ္မာကိုဘယ်သူဟောရဲသလဲ။
31သူငယ်ချင်း...မင်း..အေးအေးဆေးဆေးနေလို့ လည်း ဒီဂယက်က လွတ်မယ်မထင်နဲ့ ။မိစ္ဆာတွေ မဆင်းမချင်း ဒီဝဋ်က ကျွတ်မယ် မထင်နဲ့ ။ဝန်နဲ့ အားမမျှတဲ့ မင်းစီးလာတဲ့ဒိုင်နာဟာ အချိန်မရွေးလမ်းချော်မှောက်သွားနိုင်တယ်။ကပ်တခုဆိုက်လိုက်တာနဲ့ မင်းဘဝက အချိန်မရွေးလမ်းပေါ်ရောက်သွားနိုင်တယ်။တိုင်းပြည်ကို ခြယ်လှယ်နေတဲ့ ဘုရင်တအုပ်ဟာအစိုးရနာမည်ခံထားပြီးတော့ အစဉ်ယုတ်မာပြည်သူတွေကလည်း သူတို့ ထင်သလို အချဉ်မဟုတ်ပါ။ဒီလိုနဲ့ မခံချင်စိတ်တွေ ငလျင်ခဏခဏလှုပ်သူတို့ တွေရဲ့  ပလ္လင်ခဏခဏလှုပ်လည်းအခုထိမပြုတ်သေးတော့တယောက်တည်းတွေးရင်း ရင်ရှုပ်ပေါက်ကွဲမှုတွေကို ကဗျာအဖြစ် အပြင်ထုတ်လိုက်တယ်။ဒုက္ခတွေနဲ့  ရှုပ်ပွနေတဲ့ စိတ်ဓာတ်ခြွေ ပြောင်းပြန်ကမ္ဘာထဲလဲကျတိုင်းသာ ပုလဲခနေရင် မျက်ရည်တွေသာ ချောင်းလျှံလာမယ်။အကျိတ်အခဲတွေ စိတ်ထဲမှာ သိပ်သည်းကာ ဗြောင်းဆန်လာတယ်။စကားလုံးတွေ ကြမ်းသွားခဲ့ရင် ကဗျာဖတ်သူကို တောင်းပန်ပါတယ်။
32ကမ္ဘာမဟာ ကပ်ပါးကောင်တွေရဲ့တန်ခိုးနဲ့ အရုပ်ဆိုးနေတဲ့ ကမ္ဘာ။နည်းပညာ စီးကရက်လိပ်တွေကိုစည်းမဲ့ ကမ်းမဲ့ မသောက်ပါနဲ့ ကမ္ဘာ။အိုဇုန်းလွှာ မှာဇကာပေါက် အနာတွေ ဖြစ်လိမ့်မယ်။သစ်ပင်တွေပြုန်းတောတွေ တောင်တွေ ခေါင်းတုံးတုံးကြတဲ့ ဖြစ်စဉ်မှာလူ့ မလိုင်တွေ အချီချီခိုးအဆီတွေတိုးခဲ့တာ ပိုများသလား။ရေနည်းငါးတွေရဲ့ ထမင်းအဖြစ်သစ်ပင်တွေ ထင်းဖြစ်သွားတာ ပိုများသလား။လူတွေရဲ့စိတ်ထဲမှာလည်းတောင်ခေါင်းတုံးတွေနဲ့ ထပ်တူပါပဲ။၅၂၈ တွေသုဉ်းပြီးသုညတွေ ပြုံးနေကြတယ်။တချိန်တုန်းက...လူက သားရဲတွေကို ကြောက်ခဲ့ရတဲ့ခေတ်အခု...လူက လူကို ပြန်ကြောက်နေရတဲ့ ခေတ်။
33ငှက်တွေ နေရာသစ်ပြောင်းတဲ့ အခါတောင်ပံတစုံသာလိုပေမယ့်လူတွေ နေရာသစ်ပြောင်းတဲ့ အခါမှာတော့ငွေစကြေးစတွေနဲ့  စာရွက်စာတမ်းတွေ လိုတယ်။တခါတခါဆိုထုပ်ဆီးတိုးတမ်းကစားရသလိုပဲ။လိုက်ဖမ်းမယ့် ရဲတွေလည်း ရှိတယ်။ထမင်းရည်ပူ လောင်စေမယ့်နယ်နိမိတ် မျဉ်းကြောင်းတွေလည်း ရှိတယ်။တခါတခါအတားအဆီးတွေကို ကျော်ဖြတ်ဒီဘက်ကမ်းကို ကပ်နိုင်ခဲ့သူတချို့တောင်မှအောင်ထူပြီလို့ မအော်နိုင်ခဲ့။ကွဲပြားမှုတွေကို ရွေပေါ်ထိုးရောင်စုံ ရင်ဘတ်တွေကို မေတ္တာနတ်ဆေးဆိုးဖို့ ပွင့်လာခဲ့တဲ့ ဘာသာတရားတွေတောင်လူတွေရဲ့ လက်ချက်နဲ့ တံတိုင်းအသစ်တခုပဲ ထပ်ဖြစ်သွားခဲ့။အဲဒီ့ ဘာသာတရားတွေဟာအဖိုးတန်ကျောက်မျက်တွေကိုအိတ်ပုံစံအမျိုးမျိုးနဲ့ ထုပ်ပိုးလူတွေရဲ့ ဝိညာဉ်ကို လှုပ်နှိုးဖို့ ကြိုးစားခဲ့လည်းလူတွေရဲ့ မျက်လုံးက ကျောက်မျက်ရတနာတွေကို မမြင်၊
34အပေါ်ယံက အိတ်တွေ တံဆိပ်တွေကိုသာ မြင်ခဲ့။ဒီလိုနဲ့ အိတ်တွေအတွက် လူတွေ ရန်ဖြစ်ခဲ့ကြ။ဘာပဲဖြစ်ဖြစ်...ကမ္ဘာပေါ်မှာ ပဉ္စလက်တွေ ပွင့်ခဲ့တယ်။မဖြစ်နိုင်ဘူး ထင်တာတွေ ဖြစ်ခဲ့တယ်။အနာဂတ်ရဲ့ဖြစ်လာမယ့် စာရင်းအတွက်တင်သွင်းခွင့်သာ ရှိမယ်ဆိုရင်လူတွေ အသက်ထောင်ချီရှည်ဖို့ လည်း မတင်သွင်းချင်ဘူး။မားစ်ဂြိုဟ်ပေါ်ကို ပြောင်းရွှေ့ အခြေချနိုင်ဖို့ လည်း မတင်သွင်းချင်ဘူး။တစုနဲ့ တစု အနိုင်ယူလိုစိတ်ပျောက်ယူတိုးပီးယား ငှက်ကလေး အတောင်ပေါက်ဖို့ ကိုပဲ တင်သွင်းချင်တယ်။ဖြိုချလိုက်ကြတယောက်နဲ့ တယောက်ကြားကမလိုအပ်တဲ့ စိတ်ကူးနံရံတွေကို။ဖယ်ရှားလိုက်ကြငါတို့ ဦးနှောက်ထဲအထိ ဘိန်းလာစိုက်ချင်နေတဲ့ အစွန်းသမား တွေကို။တကယ်တော့ ကမ္ဘာဆိုတာစကြဝဠာ ကြီးထဲက ရင့်မှည့်နေတဲ့ အနာ။ဒဏ်ရာတွေကို ဆေးထည့်တဲ့နေရာမှာငါနဲ့ ငါကို ခွာထားနိုင်ဖို့ လိုတယ်။
35ကိုယ်ကျိုးသချာင်္ကိုတွက်ပင်လယ်ကြီးထဲကို ရေတခွက် လောင်းလိုက်တာဟာတကယ်တမ်းကျတော့ အလေအလွင့်။ကလေးငယ်တွေရဲ့ ဦးခေါင်းနဲ့ ရင်ဘတ်တွေ ကို ရွှေချပါ။ကိုယ့်ကိုယ်ကို သားကောင်နေရာမှာ ထားပြီး သတင်းတွေဖတ်ပါ။အလင်းရောင်ကို ကြိုဆိုမျက်နှာပေါ်က တံခါးနှစ်ချပ်ကို ဖွင့်ပြီး ငိုပါ။အယ်လ်ဘတ်ရွှိုက်ဇာ ဖတ်လိုက်ရတဲ့ သတင်းတပုဒ်ဟာအာဖရိကတိုက်အတွက် အနှစ်ငါးဆယ်ကျော်စာ ထမင်းတလုတ်ဖြစ်ခဲ့တယ်။လူ့ ပယောဂနဲ့ ဖျားနာကမ္ဘာဆိုတဲ့ ကျားနာကိုကယ်တင်ကုသဖို့ အတွက်အတ္တနဲ့ ပရကို လက်ထပ်ထိမ်းမြားပေးဖို့ လိုတယ်။ပြီးတော့မလိုအပ်ဘဲ ထမ်းပိုးထားတဲ့စိတ်ထဲက အထုပ်အပိုးတွေကို ချလွတ်လပ်တဲ့ မျက်လုံးအသစ် တစုံရတဲ့အခါကမ္ဘာကို ကြည့်လိုက်ပါ။ကမ္ဘာဟာစနစ်တကျ ဆုတ်ဖြဲထားတဲ့ ခေတ်ပေါ် ဂျင်းဘောင်းဘီ တထည်လိုပဲခံစားတတ်ရင် လှတယ်။
36ကလေးအနှစ် နှစ်ဆယ်လုံးလုံးကိုယ်ဝန်ဆောင်ပြီး မွေးခဲ့တာတောင်ထွက်မလာသေးတဲ့ ကလေး။အင်္ဂုလိမာလ သုတ်မပြောနဲ့ ၊ရွှေဝါရောင်လင်းနေတဲ့ ရင်ဘတ်တွေနဲ့ မေတ္တာသုတ် အထပ်ထပ်ရွတ်ခဲ့တာတောင်ထွက်မလာသေးတဲ့ ကလေး။နောင်နှစ်ပေါင်းများစွာကို လောင်းကြေးထပ်ဒိုင်ယာလော့ခ် ဆိုတဲ့ ညှပ်နဲ့ ဆွဲထုတ်ပြီးတော့ မွေးရမလား။လက်ရုံးတွေကို ဓားလိုသွေးခွဲစိတ်ပြီးတော့ မွေးရမလား။အဖြစ်ကဇက်သေနေတဲ့ စတီယာရင် တချောင်းနဲ့ ယာဉ်သုံးစီးကို တပြိုင်တည်း မောင်းနေရသလိုမျိုး။ကလေး ထွက်လာဖို့ လည်းလိုတယ်။မွေးမွေးချင်း သေမသွားဖို့ လည်း လိုတယ်။မိခင်ရဲ့အသက်မဆုံးရှုံးဖို့ လည်းလိုတယ်။
37နတ်ကြီးတဲ့ ဝိညာဉ်နှစ်ခုမို့ဘုရားသခင်က အတင်းလာလုနေတာလား။အသက် နှစ်ချောင်းက ငါတို့ ရဲ့  လက်ထဲမှာ တည်းတည်းကလေး။မိခင်ရဲ့  ငိုကြွေးသံကလဲ အားလုံးရဲ့ရင်ထဲမှာ ပဲ့တင်ထပ်နေပြီ။ကလေးရဲ့ ငိုကြွေးသံကလဲ အားလုံးရဲ့ ရင်ထဲမှာ ပဲ့တင်ထပ်နေပြီ။ကလေးရဲ့ ဖခင်လည်းတမလွန်ကနေ ပူပန်နေတော့မယ်။ဘောလုံးပွဲကြည့် ပရိသတ်တွေလိုအနှစ် နှစ်ဆယ်လုံးလုံး အားပေးခဲ့ကြတဲ့ သူတွေလည်းအသံတွေ ဝင်ပြီး မောကုန်ကြပြီ။ဘာပဲဖြစ်ဖြစ်၊ဒီကလေးဟာကောင်းကင်ဖျားမှာ တည်းတည်းလေး သီးနေတဲ့ ပတ္တမြားတပွင့်ကိုချူပေးနိုင်မယ့် တံချူလေး၊ငါတို့ ရှင်အောင် မွေးနိုင်ရင်လာဘ်လာဘ တွေကို ယူဆောင်လာမယ့် ကလေးမို့အိမ်သားအားလုံးကတော့ရင်တထိတ်ထိတ်နဲ့ အံကိုကြိတ်ပြီး မျှော်နေကြတယ်။အံကိုကြိတ်ပြီး မျှော်နေကြတယ်။
38အိပ်မက်အကြိုနင့်ဆံပင်တွေမှာအရောင်ခုနစ်ရောင် အချိုးကျစုဖြူဆွတ်သွားတဲ့အထိစက္ကန့် လက်တံလေး မရပ်မနားသွားဆယ်စုနှစ်တွေကြားမှာ မောသွားတဲ့အထိအချိန်စားသတ္တဝါရဲ့ဝမ်းဗိုက်ထဲမှာပြက္ခဒိန်အဟောင်းတွေ များများလာတဲ့အထိအသားတွေ တွန့် ကြတဲ့အထိသြော်…အမှားတွေကို စွန့် ကြတဲ့အထိကိုယ့်ကိုယ်ကိုတွေ့ကြလို့ ကိုယ့်ကိုယ်ကိုမေ့ကြတဲ့အထိရွှေလမ်းနဲ့ ခြေလှမ်းတွေဟိုး… မိုးကုပ်စက်ဝိုင်းမှာသွားဆုံကြတဲ့အထိ။
39ခက်တယ်ခက်တယ်။ဓာတ်ငွေ့ သိုက်တွေကို စကားလုံးအရ ပိုင်ဆိုင်ပြီးမှဖယောင်းတိုင်ကို ချွေတာထွန်းနေရတာ ခက်တယ်။ခက်တယ်။မပြည့်သေးပဲ လျှံသွားရတဲ့လူသား သယံဇာတတွေဘယ်သူမှ ပြန်မလာကြစေဖို့ တံခါးပိတ်ထားတာကလည်း ခက်တယ်။ခက်တယ်။မသုံးရသေးတဲ့ ပိုက်ဆံတွေငွေဖောင်းပွမှုရဲ့ အကျိုးဒဏ်နဲ့ အလိုအလျောက်အခိုးခံနေရတာကလည်း ခက်တယ်။ခက်တယ်။ငရုတ်သီးထုပ်လို့ ကောင်းတဲ့သတင်းစာစက္ကူဟောင်းတွေပေါ်ကလက်သုံးစံပြ ဆောင်ပုဒ်တွေတကယ်အသုံးမခံရလို့ ချောင်ကုပ်နေကြတာကလည်း ခက်တယ်။
40ခက်တယ်။နွားခြေရာခွက် တထွာကိုကြွားနေတာရှက်စရာမှန်း မသိကြတာကလည်း ခက်တယ်။ခက်တယ်။အလုပ်မဖြစ် မှန်းသိပါလျက်နဲ့ အစဉ်အလာတွေကိုထိန်းပညာတွေကို သိမ်းသိမ်းနေရတာကလည်း ခက်တယ်။ခက်တယ်။ပေါက်နေတဲ့ ခွက်တွေကိုကြောက်နေတဲ့ လက်တွေနဲ့ လက်ဆင့်ကမ်းနေရတာကလည်း ခက်တယ်။ခက်တယ်။မြန်နှုန်းမြင့်ခေတ်ကြီးထဲမှာ ပြိုင်ပုံပြောင်းအားလုံး မိုင်ကုန်မောင်းနေကြချိန်မှာတို့ ဆီက နိုင်ငံ့သားကောင်းတွေအချင်းချင်း ကျားချောင်းသလိုချောင်းနှေးအောင်လုပ်ပြီး တောင်းနေရတာကလည်း ခက်တယ်။ခက်တယ်။သီးသန့် နေလေ့ရှိတဲ့ ထင်းချောင်းတွေတခါတခါ စုစည်းမိကြရင်တောင်
41အချိုးမခံရဖို့ အုပ်စုဖွဲ့နေကြတာထက်ပုဆိုးလှန်ပြဖို့ အုပ်စုဖွဲ့နေကြတာကပိုများနေတော့လည်း ခက်တယ်။ခက်တယ်။စေတနာ လက်တဆစ်နဲ့ ကြေငြာချက်အသစ်တွေနေရာအတွက်ဖြစ်နေကြတာကလည်း ခက်တယ်။ခက်တယ်။အဝေးကနေ လှမ်းထိုးနှက်နေကြပေမယ့်ပုံစံခွက်ကြီးတွေနဲ့ ပုန်ကန်လက်သီးတွေပဲ ဖြစ်နေကြတာကလည်း ခက်တယ်။ခက်တယ်။အသံတူ အကြံကွဲ တလမ်းထဲမှာထစ်ခနဲဆို နှစ်ခြမ်းကွဲအချင်းချင်း အရမ်းဆဲနေကြတာကလည်း ခက်တယ်။ခက်တယ်။ဘယ်သူတွေ ဘယ်လိုစိတ်မှန်းနဲ့ လေကိုဖမ်းပြီး ဒန်းဆင်ဆင်ရှေ့ ကတောင်ဟာ ဧ၀ရက်မှန်းနဲ့ ညဥ့်နက်သန်းခေါင်မှာ နေမထွက်မှန်းသိနေတာကလည်း ခက်တယ်။
42မျက်နှာနှစ်ဘက်နဲ့ ဒင်္ဂါးတစေ့နိုင်ငံရေးဟာ gunများကြားထဲ ပျံသန်း နေရတဲ့ငှက်နိုင်ငံရေးဟာ စမ်းတဝါးဝါးနဲ့ အသံစမ်း နေရတဲ့လက်နိုင်ငံရေးဟာ သံဃာကိုတောင် သတ်ရဲတဲ့ သေနတ်နိုင်ငံရေးဟာ ပင်လယ်လို ဖြဲထားတဲ့ ပါးစပ်နိုင်ငံရေးဟာ ကမ္ဘာအနှံ့ က အာခံကြမယ့် သိမ်းငှက်တထောင်နိုင်ငံရေးဟာ အမေရိကန် ရောက်ဖို့ လက်မှတ်တစောင်နိုင်ငံရေးဟာ ဘယ်နေရာကို ရောက်ရောက် သွေးထဲက မီးထတောက်မယ့် သူပုန်နိုင်ငံရေးဟာ ဘယ်နေရာကို ရောက်ရောက် အကျင့်မပျောက်တဲ့ ခွေးမြီးကောက်နိုင်ငံရေးဟာ ခွပ်ဒေါင်းတွေ လက်ထဲက ဝရဇိန်လက်နက်နိုင်ငံရေးဟာ မျောက်တွေ လက်ထဲက အုန်းသီးတလုံးနိုင်ငံရေးဟာ သွေးနဲ့ ရေးခဲ့တဲ့ သြဂုတ်၊စက်တင်ဘာ သမိုင်းနိုင်ငံရေးဟာ ရေပေါ်မှာရေးလိုက်တဲ့ ကြေငြာချက် တစောင်နိုင်ငံရေးဟာ အရေပြားပေါ်မှာ ကြက်သီးတွေ စီးဆင်းသွားစေတဲ့ ဟစ်ဟော့သီချင်းတပုဒ်နိုင်ငံရေးဟာ အင်တာနက်ပေါ်မှာ အညောင်းမိနေတဲ့ ကော်ပီ သတင်းတပုဒ်
43နိုင်ငံရေးဟာ ကလေးတယောက်ရဲ့ ဗိုက်ထဲက တဂွီဂွီထွက်လာတဲ့ တကယ့်အမှန်နိုင်ငံရေးဟာ မီဒီယာပေါ်မှာ ဆရာသမား တယောက် ဇွတ်အတင်းလုပ်ပြီးပြောလိုက်တဲ့ အသံနိုင်ငံရေးဟာ ပါးစပ်ပိတ်နေရတဲ့ လူထုနိုင်ငံရေးဟာ ကြေးမုံ စက္ကူစုတ်ထဲက အက္ခရာအစုနိုင်ငံရေးဟာ အာဟာရ ပြတ်နေတဲ့ ဆင်ဖြူတော်နိုင်ငံရေးဟာ ဒေါ်လာခွဲယူနေတဲ့ ကြောင်သူတော်နိုင်ငံရေးဟာ ထောင်ထဲမှာ လူမသိသူမသိ သေသွားရှာတဲ့ အညတရကျောင်းသားတယောက်နိုင်ငံရေးဟာ ကိုယ့်ဘာသာကိုယ် သတ်မှတ်လိုက်တဲ့ အဝေးက သူရဲကောင်းတယောက်နိုင်ငံရေးဟာ မိစ္ဆာတို့ရဲ့  လူသတ်ကွင်း တကွင်းနိုင်ငံရေးဟာ အီလစ်တို့ရဲ့  ကစားကွင်း တကွင်းနိုင်ငံရေးဟာ ဘတ်စ်ကားကြပ်ကြပ်ပေါ်မှာ တိုးဝှေ့ နေရတဲ့ နံနက်နိုင်ငံရေးဟာ ကြယ်တွေဘယ်လောက်ထွက်ထွက် လင်းမလာသေးတဲ့ညနိုင်ငံရေးဟာ လမ်းမတွေ ပေါ်မှာ ခြေဗလာနဲ့ လျှောက်ခဲ့ကြတဲ့ ခြေထောက်နိုင်ငံရေးဟာ ဖိနပ်နဲ့ မတော်လို့ အဖြတ်ခံလိုက်ရတဲ့ ဖနောင့်
44နိုင်ငံရေးဟာ ငါတို့မွေးထားရမယ့် တစ္ဆေတကောင်နိုင်ငံရေးဟာ ပုပ်ပွနေတဲ့ အသေတကောင်တခါတခါမှာ နိုင်ငံရေးဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စကားတခွန်း“နိုင်ငံရေးဆိုတာ အင်မတန် မွန်မြတ်သန့်စင်ပြီး၊သူတော်ကောင်းတွေမှသာ လုပ်နိုင်တဲ့ အလုပ်”တခါတခါမှာ နိုင်ငံရေးဟာ ဒေါက်တာသန်းထွန်းရဲ့စကားတခွန်း“ငါ့ လက်ဝဲက လူကိုလည်း စေ့စေ့စပ်စပ်ကြည့်တယ်၊ငါ့လက်ယာက လူကိုလည်း ဒီလိုပဲ အားမနာတမ်း ကြည့်တယ်၊စေတနာ အချောင်းလည်းမမြင်ဘူး၊အပြားလည်းမမြင်ဘူး”နိုင်ငံရေးဟာ ဘဝပေါင်းများစွာ ထည့်လှောင်ထားတဲ့ စစ်ဖိနပ်တရံနိုင်ငံရေးဟာ ဆူးလေဘုရားနားက ပစ်ခတ်သံနိုင်ငံရေးဟာ အချစ်ကဗျာ တပုဒ်နဲ့  ကိုစောဝေ ပစ်လိုက်တဲ့ မိုးကြိုးနိုင်ငံရေးဟာ အကျဉ်းထောင်ထဲ လွတ်ကျခဲ့တဲ့ မြို့ တော်နိုင်ငံရေးဟာ စက်တင်ဘာ မိနစ်မှာ တိုင်ထိပြီး ပြန်ထွက်လာတဲ့ ဘောလုံးတလုံးနိုင်ငံရေးဟာ အတ္တလက်အိတ်တွေ စွပ်ပြီး ထိုးနေကြတဲ့ ခပ်ပျော့ပျော့ လက်သီးနိုင်ငံရေးဟာ “လက်နက်”နဲ့ “ဓားပြတိုက်ခွင့်” လဲလှယ်ထားတဲ့ ငြိမ်းချမ်းရေးနိုင်ငံရေးဟာ ယားနာတွေကို ဖုံးဖို့ ထဘီရှည်ရှည် ဝတ်ပြီး အိနြေ္ဒရှင်ယောင်ဆောင်ထားတဲ့ အပျိုမနိုင်ငံရေးဟာ မိတ်ကပ်တွေဖို့ ထားတဲ့ တောတွင်း ဥပဒေသနိုင်ငံရေးဟာ ညစ်ပေတဲ့ လက်တွေနဲ့ အိုးမည်း အသုတ်ခံလိုက်ရတဲ့ မျက်နှာနိုင်ငံရေးဟာ တလွဲဘာသာအပြန်ခံလိုက်ရတဲ့ ကဗျာတပုဒ်နိုင်ငံရေးဟာ တတောလုံး စိမ်းစိုဖို့ ကိုယ်စီ ဝေဆာပေးရမယ့် သစ်ပင်နိုင်ငံရေးမှာ ကြွက်ခုတ်ဖို့ က အဓိကနိုင်ငံရေးဟာ ငါတို့ မဖြေကြဘဲ ချန်ထားခဲ့တဲ့ ပုစ္ဆာနိုင်ငံရေးဟာ ပေါက်ကွဲ စေချင်ဇောနဲ့  ငါတို့ အားလုံးမျှော်နေရတဲ့ ကတ္တီပါဗုံးတလုံး။မှတ်ချက်။ bold လုပ်ထားတဲ့ဟာတွေက ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ စကားနဲ့ ဆရာကြီးဒေါက်တာ သန်းထွန်းရေးခဲ့တဲ့စာပါ။ ဆရာကြီးဒေါက်တာသန်းထွန်းရေးခဲ့တဲ့စာက နိုင်ငံရေးသမား တွေကို ဆိုလိုတာတော့မဟုတ်ပါဘူး။ သူ့ လုပ်ဖော်ကိုင်ဘက် တက္ကသိုလ်က ဆရာတွေကို ရည်ညွှန်းတာပါ။
46မြင်ကွင်းနှစ်ပေါင်း နှစ်ဆယ်ပျံသန်းချိန် နာရီပေါင်း တသိန်းခုနစ်သောင်းကျော်နဲ့ အရှိုက်မှာ ထိုးချက်တွေ ဝခဲ့တာတောင်သုညတွေကိုပဲ ပွေ့ ပိုက် ကျေနပ်ခဲ့ကြရတယ်။အဝေးကြည့် မှန်ပြောင်းကြီး တလက်နဲ့ဆွေးရိ အသံဟောင်းကြီးပဲ ထွက်နေကြရသူ တချို့ဟာ။သွေးတွေ တကွက်ပြီး တကွက်ပေပွန်းတွေ တကောင်ပြီး တကောင်သေပိုးစုန်းကြူးတွေ တစင်းပြီးတစင်းကြွေအိမ်ကြီးထဲက စိမ့်ထွက်လာတဲ့ သွေးတွေနဲ့ မဲပြာပုဆိုး ပန်းချီကားတွေကိုပဲငါတို့ ဆွဲခဲ့ကြတယ်။လူပီသတာ ပဲလား။သိစိတ်နဲ့ မသိစိတ် တွဲလျှောက်ခွင့် မရှိတဲ့ လမ်းပေါ်မှာကိုယ့်အတ္တနဲ့ ကိုယ့်ကျောက်ဆောင်ကို ပြန်တိုက်စားရင်းပွန်းပဲ့လာလိုက်တာမနေ့ ကလူနဲ့ ဒီနေ့ လူတောင်မှ ညီမျှခြင်း ချလို့ မရ။အတိတ်က ရင်ခုန်သံနဲ့အခု ရင်တုန်သံဟာမိုင်ပေါင်းများစွာ ကွာတယ်။
47ကိုယ့်အုပ်မှာ ကိုယ်ဘုရင်လုပ်ဖို့ လက်တွဲ တွေကို ဖြုတ်ကြ။မင်းသားရုပ်ကို လေသွင်းဖို့ နှုတ်ခမ်းပဲ့ခြင်း မှုတ်ကြ။မြေပုံ အတုကိုင်ထားသူတွေနဲ့ မြေပုံ ကိုင်ခွင့်မရနိုင်သူတွေရဲ့တိုက်ပွဲမှာရန်သူဟာဥပဒေအပြင်က လက်သီးတွေနဲ့ တချက်ပြီးတချက်ထိုးနေ့ စွဲနီနီတွေသာ တရက်ပြီးတရက် တိုးတိုးလာတယ်။ဒီလိုနဲ့ ပဲအတိတ်က အမာရွတ် တွေနဲ့ ကိုယ့်မခံချင်စိတ်ကို အစာသွတ်နေရ။တယောက်ကောင်းဖို့ အရေးတယောက်ပျက်ပေးရတတ်သတဲ့။ပိုက်လုံးသုံးပြီး အလုခံလိုက်ရတဲ့ ပဘာဝတီ လောင်းလျာနဲ့ ဘန်ကောက်မြို့ကြီး မီးတွေလင်းထိန်နေလိုက်တာ။ခြံထဲက ထွက်သမျှ အငွေ့ တွေဟာအဝါချစ်သူတို့ရဲ့ညမှာရွှေရောင်ပန်းတွေလို ပွင့်လို့ ။ဒီလိုပါပဲအိမ်ထဲက သွေးတွေနဲ့ လည်းအပြင်က ကျောက်ခဲတချို့
48ပတ္တမြားယောင်ဆောင်ပြီး ရောနီနေလိုက်ကြတာအိမ်ထဲက လျှံထွက်လာတဲ့ မျက်ရည်မြစ်မှာအနီရောင်ဟန်ဆောင်ခြုံထားသူတချို့ ရွက်တွေလွှင့်လို့ ။အသက်သုံးဆယ်ကျော်မှဇောင်းထဲက ထွက်ခွင့်ရတဲ့ မြင်းလိုမျက်လုံးတွေကို ကမြင်း ကြည့်လိုက်တယ်။အတွင်းအပြင် ပုံရိပ်တွေထဲမှာပဒိုင်းသီး ကြိုက်နေတဲ့ ဘုရင်တွေလူရိုက်စားတဲ့ ဖားတွေနွားခြေရာခွက်ထဲမှာ ကိုယ့်ကိုယ်ကို ထည့်ပိတ်ထားတဲ့သူတွေကောင်းကင်လိုမိုးထားတဲ့ ဗလာလက်ဝါးတွေနဲ့ လောင်းရိပ်မိနေတဲ့ ပင်ပျိုတွေအနုလုံ ပဋိလုံ ကြည့်ခွင့်မရတဲ့ ရှုခင်းတွေ နဲ့ ဝေဖန်ရေးစက္ခုကင်မရာနဲ့ ဓာတ်ပုံရိုက်ပြခွင့်မရှိတဲ့ နေရာတွေ။နောက်ဆုံးမြင်လိုက်ရတာကတော့ဘရိတ်ပေါက်နေတဲ့ ခေတ်ပေါ်ကို တက်ထိုင်ရင်းရိုလာကိုစတာ စီးသလို စတိုင်မျိုးနဲ့ မျက်လုံး စုံမှိတ်ထားတဲ့သူတွေ။
49ပါရမီမြောက်တဲ့ ဝဋ်ကြွေးအကြောင်းမသိဘူး ဆိုပြီး တချို့က သနားချင်သနားမယ်။ခေါင်းမရှိဘူး ဆိုပြီး တချို့က ဟားချင်ဟားမယ်။ကိုယ့် အိပ်မက်မြို့ လယ်ခေါင်မှာကိုယ့်ရုပ်တုကိုယ်ပြန်ကိုးကွယ်ချင်နေတဲ့ကောင်ဟာကိုယ့်ကိုယ်ကို သနားလွန်းလို့ ကိုယ့်ကိုယ်ကို မသနားတော့ဘူး။ဘာကိုမှ မစတေးဘဲနဲ့ဘယ်သူတွေ သမိုင်းရေးဖူးလို့ လဲ။အသိုင်းအဝိုင်းကတော့လူအုပ်ကြီးအတိုင်းတွေးပုံမမှန်တဲ့ ပုံမှန်လမ်းအတိုင်းပြေးဖို့ အဝါကတ် ပြ သတိပေးနေပြီ။ဒီလို…ပေးဆပ်ခြင်းနဲ့  လမ်းဖောက်ခမီးခိုးကြွက်လျှောက် ဒုက္ခတွေကိုဝဋ်ကြွေးတွေလို့ ပြောဦးမလား။ဝဋ်ကြွေးဆိုတာ ဘုရားသခင်အလိုတော်လိုမလွန်ဆန်နိုင်ဘူး ဆိုရင်တောင်မှ
50ဒါတွေဟာအလဟဿ ဝဋ်ကြွေး သန်းပေါင်းများစွာ ထဲကဝဋ်ကောင်တထောင်မှာ တကောင်တောင်ဖွားခဲတဲ့ပါရမီ မြောက်တဲ့ ဝဋ်ကြွေး။မကျွတ်သေးတဲ့တစ္ဆေကဗျာစုကောင်းကင်ကို“အပိုင်းသုံး (အမေ့အိမ်ကို လွမ်းဆွတ်မှု ကဗျာစု)”“ ဒီလမ်းဟာငွေနဲ့ မဝေးပေမယ့်အမေနဲ့ တော့ ဝေးတယ်။”အမေ့ အသံအမေတယောက်တည်း ဟိုတွေးဒီတွေးနဲ့ စိတ်ထဲမှာ မီးမွှေးမစီတတ်တဲ့ စကားလုံးတွေကို အပူပြင်းပြင်းပေးပြီးသားအတွက် ကျိုချက်သန့် စင်ခဲ့ပေမယ့်အအေးခံချိန်မရလိုက်တဲ့ အမေ့ရဲ့  အသံတွေနားထဲကို အတင်းလောင်းထည့် ခံခဲ့ရစဉ်ကရင်ထဲကို အဝင်မခံနားဝမှာတင် မိုက်မိုက်မဲမဲ ထိုးအန်ပစ်ခဲ့ပေမယ့်…အခုအချိန်မှာတော့နှလုံးအိမ်ထဲမှာ ပေါင်းခံဒေါသယောင်ဆောင်ထားတဲ့ အမေ့ရဲ့  စောင်းသံကိုကိုယ့်ကိုယ်ကို သွားတိုက်ဆေးဗူးလိုညှစ်၊ အပ်နှစ်စင်း ထိသလိုဖြစ်မှ ရတတ်တဲ့ချီးကျူးသံတွေတချက်တည်းနဲ့ ကျင်းဝင်သွားတဲ့အခါမျိုးမှ ရတတ်တဲ့ လက်ခုပ်သံတွေနဲ့ ဘာမဆို အလိုက်ပေးပြီးပြန်လဲချင်မိတယ် အမေ။အမေတခြား သားတခြားအမေ တခြား သားတခြားနဲ့ ရှင်ကွဲနဲ့ ရင်ကွဲနေရတဲ့ခေတ်မှာပါးပေါ်မှာ ဖြစ်တဲ့မြစ်နှစ်စင်းနဲ့ မျက်နှာသစ်နေတုန်းပဲလား အမေ။အမေရေ…ဒီနှစ်လည်း ကရုဏာခေါင်တဲ့ ကန္တာရမှာမျက်ရည်ချိန် ဘယ်နှစ်လက်မ ရှိပါသလဲ။အမေ သားကိုပြုစုစောင့်ရှောက်ခဲ့သမျှ ရလဒ်ကတော့သားအသက်တနှစ်ကြီးလာတိုင်းအမေပုတီးတပတ် ပိုစိပ်လာရတာပဲ ရှိတယ်။အမေရေ…ပြန်ဆုံစည်းရေးကို သားက သောကနဲ့ စဉ်းစားအခန်းကျဉ်းလေးထဲမှာတင် မျက်စေ့လည်သွားတုန်းမှာလောကဓံတရားက အသာစီးနဲ့ အကွက်ပေါင်းများစွာ ရွှေ့ထားပြီးပြီအမေ။အမေရေ…စာအုပ်တွေ ဖတ်ခဲ့ရတုန်းကတော့ဒီလိုဇာတ်လမ်းမျိုး အသက်ဝင်လာလိမ့်မယ်လို့ ကိုယ်တိုင်လည်း ရင်ခွဲ သရုပ်ဆောင်ရလိမ့်မယ်လို့ မထင်မိခဲ့ဘူးအမေ။အမေရယ်..သောက ဖျောက်နည်း တခုကတော့ ဆိုတယ်။အနာဂတ်ကို တွေးမပူဘဲ တနေ့ တခါ နေပါတဲ့။ဒါပေမယ့် အမေရယ်အိပ်မက်တွေသီးပွင့်လာမယ့် ရက်စွဲက မသေချာသလိုအတိတ်နဲ့ ပစ္စုပ္ပန်မှာလည်း စက္ကန့် တိုင်းက ခက်ခဲနေမှတော့စိတ်ကို ဘယ်ကာလမှာများ သွားထားရပါ့မလဲ။ဒါနဲ့ အမေရေ..မုသားတွေနဲ့ သီးသန့် ကာထားတဲ့အပူများနေတဲ့ ကျီးလန့် စာစားကမ္ဘာမှာရောအဆိုးတွေ ရေချိန်မြင့်အမျိုးတွေ ငွေတိမ်နစ် နေတုန်းပဲလားအမေ။အမေရေလက်ဗလာ ကြယ်တွေမျက်နှာငယ်နေရတဲ့ ညထဲမှာသားဘဝလေး ကျကွဲသွားလို့ ခွန်အားသစ်တို့ ပို့ ပေးပါ။မေမေ စန်တာကလော့စ်ငယ်ဘဝရဲ့ ပျားရည်တစက်တခုသော ခရစ္စမတ်မနက်မှာကျနော် စောစောအနိုးခြေရင်းမှာ လက်ဆောင် မတွေ့ လို့  အိပ်မက်လေးအကျိုးဈေးကပြန်လာတဲ့ မေမေကတိုးတိုးလေးချော့ပြီး ပြန်အိပ်ခိုင်းတယ်။စန်တာကလော့စ် နောက်ကျနေတာ ဖြစ်မှာပါတဲ့။ဒီလိုနဲ့ ကျနော် မျက်လုံးလေးပြန်မှိတ်စိတ်ကတော့မေမေ အရုပ်တရုပ်ကို တိတ်တိတ်လေး လာထားသွားတာ သိလိုက်တယ်။သြော်ကလေးဘဝတုန်းက ကလေးလိုပျော်နိုင်အောင် မေမေက ဖန်တီးပေးခဲ့တယ်။လူကြီးဘဝကျ လူကြီးလိုပျော်အောင် ကြိတ်မှိတ်ဖန်တီးယူနေရတယ်။မေမေရေခရစ္စမတ်က သဘောင်္တစီးဆိုရင်သားတို့ က တနှစ်မှတခါ ကမ်းကပ်ခွင့်ရတတ်တဲ့ သဘောင်္သားလေးတွေပါ။အခုတော့စန်တာကလော့စ် တကယ်မရှိမှန်းလည်း သိပြီ။ခရစ္စမတ်ကာလဆိုတာ နှစ်သစ်မှာ တနှစ်ပတ်လုံး အလုပ်လုပ်ဖို့ ခဏအားဖြည့်ခွင့်ပြုထားတဲ့ အချိန်ဇယားလေးတခုမှန်းလည်းသိပြီ။မေမေရေ…တခါတခါသိခြင်းက အရိပ်ကို မပေးစွမ်းဘူးအမှန်တရားက မေတ္တာလိုမအေးချမ်းဘူးမေမေရေခရစ္စမတ်မှာပျော်ဖို့ …တွက်ချက်နေရတဲ့သားစားပွဲပေါ်မျက်နှာအပ်လို့ မျက်လုံးလေးကို အမှိတ်မောပန်းနေတဲ့စိတ်ထဲခွန်အားတွေ တိတ်တိတ်ကလေး လာထည့်ပေးပါ။ရုပ်ပျက်ဆင်းပျက် တိုက်တန်းနစ်ဒီလမ်းဟာငွေနဲ့ မဝေးပေမယ့်အမေနဲ့ တော့ ဝေးတယ်။ဒီလမ်းဟာဒေသသစ်မှာ အခြေချခွင့်နဲ့ နီးပေမယ့်ကိုယ့်လိပ်ပြာနဲ့တော့ ကိုယ်ပြန်ဝေးတယ်။ဟိုဘက်ကမ်းမှာ ဘဝဒီဘက်ကမ်းမှာ အလှတဲ့ဘဝနဲ့ အလှကြားမှာခေါင်းမကျ ပန်းမကျအနည်ကျဖို့ ကြိုးစားနေရတဲ့ ဘဝတွေလည်း ရှိပါတယ်။ဒီလမ်းဟာဖြောင့်တန်းပေမယ့်အရိပ်မရှိတော့ ပိုဝေးတယ်။ဒီဘက်ခြမ်းမှာအသိုက်တခုကိုရွေးစက်ရုပ်တရုပ်လို ကိုယ်ပြေးမယ်။သြော်…ဒီလိုနဲ့ ကမ္ဘာဆိုတဲ့ မြစ်ထဲမှာမကြည့်ရက်စရာ နစ်နေတဲ့အဖြစ်ရုပ်ပျက်ဆင်းပျက် တိုက်တန်းနစ်ကိုအဝေးကပဲ ချစ်လိုက်ရတယ်။61မကျွတ်သေးတဲ့တစ္ဆေကဗျာစုကောင်းကင်ကို62“ အပိုင်းလေး (ရန်ကုန်) ”“ကိုယ့်မြို့ကိုယ် အိန်ဂျယ်လ်တပါးနဲ့ တင်စားမယ်ဆိုရင်တောင်ရန်ကုန်ဟာလျှပ်စစ်မီးမရတဲ့ညနဲ့ နတ်ဖြစ်ပြီးမလှတဲ့ဘဝ။”6364ငါနေတဲ့ နေရာငါနေတာ လင်းတလှည့် မှိန်တလှည့် ကြယ်မြို့လေး တမြို့ မှာငါနေတာ မီးလင်းနေရင် ဘယ်လိုမှမအိပ်တတ်တဲ့ ဇီဇာကြောင်တဲ့ မြို့ လေးမှာငါနေတာ “ဧည့်သည်လာရင် မကြည်ဖြူတဲ့အိမ်ရှင်မ” နဲ့ တူတဲ့ မြို့ လေးမှာငါနေတာ တနာရီလောက် ငရဲခံဖို့ အရေး တရာကျပ် ပေးရတဲ့ မြို့ လေးမှာငါနေတာ သန့် ရှင်းစေချင်လို့ မိုးစက်တွေနဲ့ ရေချိုးပေးကာမှ တကိုယ်လုံးကအနာတွေစိုရွှဲပြီး ပိုညစ်ပတ်သွားတဲ့  မြို့ လေးမှာငါနေတာ ပထွေးကမဆင်လို့  တနေ့ တခြား စုတ်ချာ လာတဲ့  “သူဆင်းရဲမ”မြို့ လေးမှာငါနေတာ ပထွေးကိုရွံလို့ ပတ်ဝန်းကျင်က ဝိုင်းကြဉ်ထားတဲ့  “အထီးကျန်မ” မြို့ လေးမှာငါနေတာ နာတာရှည်နိုင်ငံရေးဝေဒနာတနေ့ တခြား ဆိုးရွားလာတဲ “့လူမမာမ” မြို့လေးမှာငါနေတာ မနှစ်ကမှ လင်ဆိုးကြီးနဲ့ ကွာရှင်းခွင့် ရလိုက်တဲ့  “တခုလပ်မ” မြို့ လေးမှာ(နေပြည်တော်ပြောင်းသွားပြီလေ)ငါနေတာ နေပူနေတာတောင် “ခမောက်”ဆောင်းကြည့် ခွင့် မရခဲ့တဲ့ မြို့ လေးမှာ။(၂၀၀၆ ခုနှစ် ဒီဇင်ဘာတွင် ရေးဖွဲ့ ခဲ့ပါသည်။)65နန်းအချခံခဲ့ရတဲ့ မြို့ ကိုယ့်မြို့ ကိုယ် အိန်ဂျယ်လ်တပါးနဲ့ တင်စားမယ်ဆိုရင်တောင်ရန်ကုန်ဟာလျှပ်စစ်မီးမရတဲ့ညနဲ့ နတ်ဖြစ်ပြီးမလှတဲ့ဘဝ။ကိုယ့်အမေ ကိုယ့်ဆီလာတာတောင်မှခွေးသားကြီးတွေနဲ့ မျက်နှာချင်းဆိုင်ပြေးလွှားပြီး ဧည့်စာရင်းတိုင်နေရတယ်။အပြင်ပန်းတွေပြောပြီး လုပ်စားနေတဲ့မြို့မှာသင်တန်းတွေပေါပြီး အလုပ်ရှားတယ်။အရှေ့ တောင်အာရှရဲ့ မာနမင်းသားဟောင်းဟာနအဖ ဗိုလ်ချုပ်များရဲ့ လက်သီးပြင်းနဲ့ တစစ ပိုစုတ်သွားအောင် ဖျက်ဆီးခြင်း ခံနေရတယ်။ရန်ကုန်မြို့ရဲ့ ရင်ဝမှာ နားကိုကပ်ကြားတာကို ကြားသလိုမှတ်ကြည့်တော့အလုပ်လက်မဲ့ ပွဲစားတွေရဲ့ လေရောင်းသံတွေမီးလာတုန်းမှာ အလုအယက် ရေမောင်းသံတွေ66ကုန်းအော်နေတဲ့ စပါယ်ယာတွေရဲ့ ရွှေစောင်းသံတွေရုံးပေါ်က ကယ်ပါတွေရဲ့ ငွေတောင်းသံတွေနဲ့ ရန်ကုန်မှာအသံစုံနေတော့တယ်။67မကျွတ်သေးတဲ့တစ္ဆေကဗျာစုကောင်းကင်ကို68“ အပိုင်းငါး(ရင်ခုန်သံ ငါးဆယ့်လေး) ”“အမေ့ခြံနံပါတ် ငါးဆယ့်လေးဆိုတာမျှော်လင့်ခြင်းရဲ့ ပြယုဂ် အားတက်ဆေးပေါ့အမေ့အမြင်ပုံစံကို အငှားဆောင်ပြီး သားတို့အများအတွက်တွေးမယ်အမေ့ရင်ခုန်သံကို ကြားယောင်ပြီး သားတို့ အားဆက်မွေးမယ်။”6970အမေ (သို့ မဟုတ်) မီးလျှံထဲက ဖီးနစ်ငှက်မျက်လုံးချို့ နေသူတစုက… တိုင်းပြည်ဆိုသောယာဉ်ကို… အဖြစ်မောင်းလာသည်လမ်းပြနိုင်သူကိုတော့… အကျဉ်းချထားတာ…နှစ်ပေါင်းကြာပြီလှောင်အိမ်ထဲက ဖီးနစ်ငှက်ကို… အနီးကပ်ပစ်ဖို့ … အလစ်ချောင်းလာသည်တရားခံတွေက…တရားပြန်စွဲနေတဲ့အထိ…ခေတ်ပြောင်းလာပြီ။မျှော်လင့်ခြင်းလမင်းမှာ… တိမ်မည်းတွေစွန်းတာ… ညဥ့်ပေါင်းရာချီစစ်ဖိနပ်အောက်မှာ…ပန်းတွေကြွေခဲ့တာလည်း…အဖြစ်ပေါင်းရာချီကမ္ဘာ့မျက်လုံးတွေရှေ့ မှာ ပေါ်တင်…လူချသည်အထိ…ညစ်ကောင်းလာသည်မြန်မာကို ကမ္ဘာက သိနေတာက… စစ်ထောင်းရာပြည်။ရဟန်းသံဃာတွေကိုပါ…သတ်ရဲသည်အထိ…လက်ယဉ်လာပြီမုဒိမ်းစစ်ကန်းတွေက… ဘိန်းပစ်ဖမ်းသလို… အကွက်ဆင်လာပြီပြည်သူတွေဆိုတာလည်း… လက်ခုပ်ထဲကရေလို့ သူတို့ …ဆက်ထင်လာပြီကြီးနိုင်ငယ်ညှဉ်းဝါဒဟာ… မင်းသားတယောက်လိုပေါ်တင်…အသက်ဝင်လာပြီ။တိုင်းပြည်ကို အမဲဖျက်သလို..သူတို့ … ဖျက်ချင်နေလားမသိပြည်သူ့ သွေးကို တစက်ပြီး တစက်..သူတို့ … လျက်ချင်နေလားမသိအမေ့ကို အကျဉ်းထောင်ထဲမှာ ထာဝရ… ဝှက်ချင်နေလားမသိသမိုင်းထဲက ဗီလိန်တွေလို သူတို့ အသက်… ထွက်ချင်နေသလားမသိ။ချော့နေတုန်းမှာမှ… အစွယ်ထုတ်ပြလိုက်တော့… အားလုံးအခက်ပွေအခုအစော်ကားခံလိုက်ရတာဟာ… အဖိနှိပ်ခံ… အားလုံးရဲ့ အမေ71နောက်ဆုံးသစ်ရွက်လေး ကြွေသွားမှာစိုးပြီး..အားလုံး…စကားလုံးမဲ့နေတစင်းပြီးတစင်း…ရင်ကို တည့်တည့်ခွင်းတဲ့…အခါးဆုံးရက်တွေ။အမေ့ခြံနံပါတ် ငါးဆယ့်လေးဆိုတာမျှော်လင့်ခြင်းရဲ့ ပြယုဂ် အားတက်ဆေးပေါ့အမေ့အမြင်ပုံစံကို အငှားဆောင်ပြီး သားတို့ အများအတွက်တွေးမယ်အမေ့ရင်ခုန်သံကို ကြားယောင်ပြီး သားတို့ အားဆက်မွေးမယ်။လူတစုကတော့ တိုင်းပြည်ကို ပြန်ပေးဆွဲသွားပြီ အမှောင်လမ်းတခုဆီအချိန်မီးစာလည်း တငွေ့ ငွေ့ နဲ့ လောင်ကျွမ်းလုပြီနတ်ကောင်းနတ်မြတ်တို့ ဆောင်ကြဉ်းပေးပါ အောင်ပန်းသူ့ ဆီကျန်းမာပါစေ မျှော်လင့်ချက်တို့ရဲ့မိခင် အောင်ဆန်းစုကြည်။72ရင်ထဲကအမေအမေဟာ…ဝါးလုံးခေါင်းထက်တောင် ကျဉ်းတဲ့စစ်ဖိနပ် အတွင်းမှာမရမက သာပေးရှာတဲ့ လမင်း။အမေဟာ…ဒဏ်ရာတွေကို ကြိုးအဖြစ်တပ်ပြီးကမ္ဘာတုန်အောင် မြည်တဲ့သီချင်း။အမေနေပြခဲ့တဲ့ အတ္ထုပ္ပတ္တိနဲ့  သားတို့ သတ္တိတွေကို ဆူပွက်နေအောင် နှိုးထားတာ။အမေပြောခဲ့တဲ့ စကားတွေနဲ့ သားတို့ သွေးတွေကို နီရဲနေအောင် ဆိုးထားတာ။အမေ့ရင်ထဲက ကဗျာ တပုဒ်ဆွဲထုတ်ဓားတလက်လုပ်ပြီးအဲဒီ့ မိစ္ဆာတောအုပ်ကို သားတို့ ခုတ်ကြမယ် အမေ။သွေးဆာနေတဲ့ဘီလူးတွေကစံမမီတဲ့ သူတို့ ဘဝလှေနံမှာအာဏာကို အောင်မြင်မှု အဖြစ် တရားသေ ဓားထစ်နေချိန်မှာအမေကတော့ ကရုဏာ နှလုံးသားနဲ့ ပြည်သူ့ ငိုသံကို နားစွင့်တယ်။73အမေဟာ တက္ကသိုလ်ရိပ်သာလမ်းထဲမှာ လှောင်ထားခံရတဲ့ ငှက်ကလေး တကောင်၊ပျံခွင့်မရတဲ့ ငှက်အားလုံးတို့ ရဲ့ ခေါင်းဆောင်ပေါ့။အမေက ပျံခွင့်မရပေမယ့် အမေ့နာမည်ကတော့ ဟိုး…ကောင်းကင်ဖျားမှာပျံနေတယ်။အမေ့ နာမည်တလုံးကို ပြည်သူတွေအတွက် အမေသုံးချင်နေမှာပဲနော်။ပြည်သူ့ မေတ္တာတွေသာ ပန်းပွင့်လေးတွေဖြစ်မယ်ဆိုရင်ပြည်သူတိုင်းက ပန်းပွင့်တပွင့်စီပေးလို့ အမေ့ ဘဝဥယျာဉ်မှာ ပန်းပွင့်လေးတွေနဲ့ ပြည့်နေလောက်ပြီ။အဲဒီ့ ပန်းရနံ့ တွေပေါ့။သူတို့ မလိုတမာစိတ်နဲ့ ဘယ်လိုဖုံးဖုံးကမ္ဘာတခုလုံး မွှေးနေတာ။မိစ္ဆာတွေကတော့သေနတ်ကို မလွှတ်တမ်းကိုင်ပြီးမီးလောင်နေတဲ့ ကုလားထိုင်တွေပေါ် အတင်းတက်ထိုင်နေကြတယ် အမေ။အဲဒီ့ မိစ္ဆာတွေပေါ့၊သူရဲဘော ကြောင်လိုက်ကြတာ။အမေ့ကို ရင်မဆိုင်ရဲလို့ ၊အမေ့ကို မယှဉ်ပြိုင်ရဲလို့ အမေ့ကိုသီးခြား ခွဲထုတ်အမေ့စာမျက်နှာတွေကို သမိုင်းထဲက အတင်းဆွဲစုတ်လည်းအမေ့ ပုံရိပ်တွေက သားတို့ အသည်းထဲမှာစုတ်နဲ့ ထိုးထားသလို စွဲပြီးသား။ဘယ်သူတွေ ဘယ်လို ပြောပါစေအမေဟာ အမေဖြစ်နေသေးသရွေ့ 74သားတို့ ချစ်နေမယ်။ရင်ထဲမှာ အမေ အမြဲရှိနေမယ်။ခုချိန်မှာတော့ အမေဟာ ….ကျဆုံးခဲ့တဲ့ ရင်သွေးတွေအတွက်အမေ့အိမ်လေးထဲမှာ တိတ်တိတ်ကလေး ငိုနေမလား။ဒါမှမဟုတ် ဒုက္ခပင်လယ်ဝေနေတဲ့ ရင်သွေးတွေအတွက်ဆုတောင်းမေတ္တာတေးသီချင်းတွေကို တိတ်တိတ်ကလေးဆိုနေမလား။အမေ့ရဲ့  အကြင်နာလက်နဲ့ သားတို့ နေတဲ့ ပုခက်လေးကိုညင်သာစွာ လွှဲပေးမယ့် နေ့ ရက်တွေကို မျှော်နေမယ်။အမေဟာ ကျနော်တို့ အားလုံးရဲ့ ကောင်းကင်အမေ မိုးမယ့် နေ့ တွေဆီကို သားတို့ အားလုံး ရောက်ချင်လှပြီ။အမေဟာ ကျနော်တို့ အားလုံး ရဲ့မိခင်အမေပျိုးမယ့် ဥယျာဉ်ကို သားတို့ အားလုံး ကြည့်ချင်လှပြီ။75မကျွတ်သေးတဲ့တစ္ဆေကဗျာစုကောင်းကင်ကို76“ အပိုင်းခြောက်(ဖောက်ထွက်တွေးကြည့်မှု ကဗျာစု) ”“ငါမမှတ်မိတော့မယ့် ငါမှာငါနဲ့ တူတာ ဘာကျန်ဦးမလဲ။သေချာမမြင်နိုင်သေးတော့လည်းနောက်ဘဝငါဆိုတာ တခြားတယောက်လိုပဲ”7778ငါသုံးငါအတိတ်ဘဝကငါ…..အခုရုပ်နဲ့ မဟုတ်ခဲ့တဲ့ငါအခုစိတ်နဲ့ လည်း မဟုတ်ခဲ့တဲ့ငါသူစိုက်ပျိုးခဲ့သမျှ ဒုက္ခငါရိတ်သိမ်းနေရ။နောက်ဘဝ ဖြစ်မယ့်ငါဝှက်ဖဲ တချပ်ဖြစ်နေတဲ့ငါ…..အခုရုပ်နဲ့ မဟုတ်တော့မယ့်ငါအခုစိတ်နဲ့ မဟုတ်တော့မယ့်ငါငါမမှတ်မိတော့မယ့် ငါမှာငါနဲ့ တူတာ ဘာကျန်ဦးမလဲ။သေချာမမြင်နိုင်သေးတော့လည်းနောက်ဘဝငါဆိုတာ တခြားတယောက်လိုပဲ။အခုလက်ရှိငါငါသန်းပေါင်းများစွာထဲက ငါပေါ့ငါက…အခုရေတွင်းတူးရင် အခုရေကြည်သောက်ရမှ ကျေနပ်တတ်တယ်။ငါကညောင်ပင်ရမရ မသေချာတိုင်း ညောင်စေ့လေးကို နှမြောတတ်တယ်။79ငါကတသောင်းလှူချိန်မှာ နောက်ဘဝဆိုတာကိုသတိရပြီးတသိန်းလိမ်ချိန်မှာ နောက်ဘဝဆိုတာကို မေ့ထားတတ်တယ်။ငါကအပေးအယူလေးနဲ့ မှပြေးကူဖေးမ လေ့ရှိတယ်။ဖောင်စီးဆဲ ရေငတ်နေတဲ့ငါပေါ့အမှောင်ကြီးထဲ နေတတ်နေတဲ့ငါ။လူ့ စိတ်ဆိုတာကလည်းအချိန်နဲ့ အမျှပြောင်းနေတဲ့အီကွေးရှင်းတကြောင်းလား?မကောင်းတာလုပ်ဖို့ လွယ်နေတဲ့အချိန်မှာ ငါက ငရဲကိုမေ့တယ်။ကောင်းတာလုပ်ဖို့ ခက်နေတဲ့အချိန်မှာ ငါက နတ်ပြည်ကိုမေ့တယ်။ငါကအကောင်အထည်ဖော်နိုင်ခွင့်သိပ်မရှိတဲ့ အချိန်တွေကျတခါသုံးမေတ္တာတွေကို နှုတ်ခမ်းလေးလှုပ်ရုံပဲထုတ်တယ်။လက်တွေ့ ဖြည့်ဆည်းပေးရမယ့် အချိန်ကျငါ့လက်ဖဝါးမှာ မေတ္တာတွေခန်းနေတတ်တယ်။ဒီလိုနဲ့ ငါဟာအဖိုးတန်ရတနာတွေကိုတကန့် စာ မီးခံသေတ္တာထဲမှာ သိမ်းထားလိုက်ပြီးနံနက်ခင်းတချို့ မှာ စိတ်ဖြေရုံပဲ ထုတ်ကြည့်နေခဲ့။80ရေရဲ့ပြင်ပမှာ မနေနိုင်တဲ့ငါးတွေလိုကြိုးတွေရဲ့ပြင်ပမှာ မနေနိုင်တဲ့ငါကယောနသံစင်ရော်လိုလည်း ပျံချင်ခဲ့တယ်။တကယ်လို့ ခုချက်ခြင်း ဆုတောင်းတွေ ပြည့်မယ်ဆိုရင်တောင်ခုချက်ခြင်း ကြိုးတွေကို ငါဖြတ်ရဲပါ့မလား။နောက်ဆုံးတော့….အမှုတရာနဲ့ အခုငါကိုစာတကြောင်းတည်းနဲ့ ပြောရရင်ငါဟာဗြောင်းဆန်အမှားတွေနဲ့ ပြောင်းပြန်သွားနေတဲ့ ရထား။81လူညီမျှခြင်းလူမြန်မာအလုပ်ရှင်ကမြန်မာစားပွဲထိုးလေးတွေကို ဆူနေချိန်မှာဂျပန် အဖိုးအိုကမြန်မာ ကလေးငယ်တွေအတွက် လှူနေတယ်။ခွဲခြားဖို့ ခက်သူ အချင်းချင်း‘ မြို့ တွင်းစစ် ’ ခင်းနေချိန်မှာဂျာမန် ဆရာဝန်ကအာဖရိကန် လူနာတွေကို ကူနေတယ်။သြော်မေတ္တာသာကူလူမျိုးတူဖို့ မလိုဘူးငါတို့ အားလုံး မိသားစုပဲ။မိဘတယောက်က ကိုယ့်ရင်သွေးအရင်းကို စွန့် ပစ်လိုက်ချိန်မှာဂျိုလီက နိုင်ငံစုံက ကလေးငယ်တွေကိုမွေးစားတယ်။ဒုက္ခရောက်နေတဲ့ ကလေးငယ်တယောက်ကိုဘုန်းကြီးကျောင်း တကျောင်းက ကျွေးထားတယ်။82သြော်ကရုဏာဆိုတာ…မှော်၊အမျိုးတော်ဖို့ မလိုဘူးငါတို့ အားလုံး မိသားစုပဲ။မျိုးချစ်စိတ် အရေခြုံပြီး နာဇီစကားတွေ လာမပြောနဲ့ ။လူမျိုးကွဲတွေကြားမှာ ဘာကြောင့် အချစ်ကားတွေနည်းပြီး စစ်ကားတွေများနေရတာလဲ။သမိုင်းသင်ခန်းစာ တချို့က ရတနာတွေထက် အမှိုက်တွေကို ရွေးပြီးစုတယ်။လူတွေမှာ ဘာအကြောင်းကြောင့် မျက်လုံးတဘက်တည်း ရှိနေရတာလဲ။တစုကို တစုက လွှမ်းမိုးချင်ရင် ကမ္ဘာမှာ အနာတွေချည်းပဲ ကျန်လိမ့်မယ်။မုန်းတီးလာကြတဲ့အခါ ဟမ္မူရာဘီက ဘုရားတွေထက်တောင် ပိုသြဇာညောင်းမယ်။လူသားထုကြီးဟာ လက်နက်တပ်ဆင်ခြင်းအားဖြင့် ကိုယ့်အင်အားကိုယ်လျှော့နေကြတယ်။စစ်ပွဲတွေဆိုတာ အမုန်းလက်နက်နဲ့ တယောက်ယောက်ရဲ့  စိတ်ထဲမှာပဲ စတင်တယ်။ခွဲခြားချင်သူ လူတွေ အတွက်တော့ သွေးအမျိုးပေါင်း ထောင်ချီရှိမယ်။သွေးလိုနေသူ လူနာအတွက်တော့ သွေးအမျိုးအစား လေးမျိုးတည်းရှိတယ်။သြော်မိခင်တွေကိုကြည့်အချစ်မှာ မျက်စိရှိတယ်။အမုန်းဆိုတာကတော့ကြောင်တောင်ကန်းမျက်လုံးပူပေမယ့် မြူတွေဖုံးနေတယ်။83မိဘမကောင်း သားသမီးခေါင်းအစဉ်အလာကို ဆန့် ကျင်ချင်လို့ မဟုတ်ဘူး။တမင်တကာ စတန့် ထွင်ချင်လို့ မဟုတ်ဘူး။ဝမ်းဗိုက်ဟောင်းလောင်းနဲ့ အစာတောင်းနေရတဲ့ ခေတ်ကစကားပုံ အသစ်ကို သက်သေပြလိုက်ပြီ။သားသမီးတွေ မကောင်းတဲ့အခါ မိဘတွေ နာမည်ပျက်တယ်၊မိဘတွေမကောင်းတဲ့အခါမှာတော့ သားသမီးတွေ အားလုံး ဘဝပါပျက်တယ်။အတ္တနဲ့ တဘက်ချို့ နေတဲ့ မျက်လုံးမကြားချင်ယောင်ဆောင်ထားတဲ့နားဥာဏ်နီဥာဏ်နက်တွေ စုပြုံထည့်ထားတဲ့ မဟာဦးနှောက်ဒုက္ခရောက်သူတွေအချင်းချင်း ချနင်းချင်တဲ့ခြေထောက်လောဘနဲ့ ထွင်းထားတဲ့ပေတံတဆတ်ဆတ်တုန်နေတဲ့ဒူးလည်စင်းခံဖို့ ဆို အမြဲ အဆင်သင့်ဖြစ်နေတတ်တဲ့ သတ္တိအဲဒါတွေဟာ ငါတို့ ရရှိခဲ့တဲ့ အမွေအနှစ်တွေပေါ့။ခင်ဗျားတို့ က ကိုယ့်ထမင်းအိုးလေးကို သေနတ်ရှပ်မှန်မှာ အရမ်းကြောက်တယ်။ခင်ဗျားတို့ က ပုဆိန်နဲ့ ပေါက်ရမယ့် အချိန်မှာတောင် အပ်နဲ့ မထွင်းရဲခဲ့ကြဘူး။ခင်ဗျားတို့ က ရင်သွေးတွေ ကျခဲ့တဲ့ သွေးတွေနဲ့ ခေတ်အဆက်ဆက် ဆက်ကြေးပေးတယ်။ခင်ဗျားတို့ က အသက်တရက် ပိုကြီးတယ်ဆိုတဲ့ သံလျက်နဲ့ ကျနော်တို့ လက်ညှိုးတွေကိုဖြတ်တယ်။84ရန်သူက ရက်ရက်စက်စက် ပစ်နေချိန်မှာခင်ဗျားတို့ က တစ်…နေရာယူ၊ နှစ်…နေရာယူ၊ သုံး ….နေရာယူ၊ လေး…နေရာယူ၊ ငါး…နေရာလုဒီလိုနဲ့ ရှေ့ ကတွေ့ ရတဲ့ ခြေရာတွေအတိုင်း မကျေမနပ်လိုက်အလျှောက်မှာကိုယ့်လိပ်ပြာက ကိုယ့်ကိုပြန်ခြောက်လာတယ်။နောက်မျိုးဆက်တွေ အပင်ပေါက်လာတဲ့အခါသူတို့ လက်ညှိုးတွေ ရင်ကို ဖောက်လာ ဦးမှာလား။ခုတော့လျှာပေါ်မှာ မြက်ကလေးတပင်ပေါက်ဖို့ အရေးတောင်မိုးခါးရေတွေ အလုအယက်သောက်နေရပြီ။အတွင်းအဇ္ဈတ္တထဲ အထိ လှိုက်စားသွားခဲ့တဲ့ အမွေတွေကိုခုချိန်မှာ ပြန်အန်ထုတ် ပါရစေတော့။ခင်ဗျားတို့ ပေးခဲ့တဲ့ ဆင်ခြေအဆိပ်တွေနဲ့ ငရဲဘုံပေါ်မှာ ဆက်မအိပ်ချင်တော့ဘူး။သြော်…ဝမ်းဗိုက်ဟောင်းလောင်းနဲ့ အစာတောင်းနေရတဲ့ ခေတ်ကတော့စကားပုံ အသစ်ကို သက်သေပြလိုက်ပြီ။(မိဘတယောက်ရဲ့  အရွယ်ကို ရောက်နေပြီဖြစ်တဲ့ ကျနော် ကိုယ့်ကိုယ်ကို ကဗျာတပုဒ်နဲ့လက်ညှိုးထိုးကြည့်လိုက်တာပါ။)85ကွက်လပ်ထဲမှာလူသန်းပေါင်းများစွာကိုလေးငါးစုတည်းခွဲပြီးတန်ဖိုးဖြတ်မယ့်ကွက်လပ်ကျနော့် မျက်လုံးတွေရှေ့ မှာ မတ်တပ်ရပ်နေတယ်။တကယ်တမ်းကျတော့ကျနော် ယူထားတဲ့နာမည်နဲ့ ခင်ဗျားယူထားတဲ့နာမည်တူချင်လည်း တူလိမ့်မယ်။ဒါပေမယ့်လူတိုင်းလူတိုင်းဟာဘယ်သူနဲ့ မှ မတူတဲ့ ညီမျှခြင်းတကြောင်းအဖြစ်အပျက်တွေသာ တစက်ပြီးတစက် လောင်းထည့်ကြည့်လိုက်ကွဲပြားတဲ့ အဇ္ဈတ္တတွေ ရာနဲ့ ချီပြီး ထွက်လာမယ်။ဒီမယ်ဒီမယ်သိုးအုပ်တိုင်းမှာတော့ သိုးမည်းတွေ ရှိကြမှာပဲ။မျက်မှန်စိမ်းတပ်ပြီးရှာမယ်ဆိုရင်စကြဝဠာ တခုလုံး သိမ်းကျုံးရိုက်နိုင်တဲ့ ဝါးလုံးရှည်ကိုတောင်အလွယ်တကူရမှာပဲ။ကျနော့် ခေါင်းထဲမှာလည်း မီးလုံးတလုံးရှိတယ်။သူ့ ခေါင်းထဲမှာလည်း မီးလုံးတလုံးရှိမယ်။ကိုယ့်ခေါင်းထဲက မီးလုံးကို ကိုယ်အလင်းဆုံးထင်ကြတာပဲ။ကိုယ့်မီးလုံးနဲ့ ကိုယ်လင်း၊သူများမီးလုံးကိုတော့ လာမခွင်းကြေး။ကိုယ်စီ ခြုံထားတဲ့ အရွက်တွေအောက်ကစိတ်ရင်းဆိုတဲ့ သစ်သီးမမြင်ဖူးသေးဘဲနဲ့ မဖြီးပါနဲ့ ။ကျနော်တို့ အားလုံးကိုယ့်ပေတံကို ကိုယ်စီကိုင်ရင်းကငြိမ်းချမ်းရေး သီချင်းကိုတိုင်အပြစ်မဲ့သူချင်းဆိုရင်တော့ ရွေပေါ်ထိုးနိုင်ရမယ်။ကျနော်ကတော့ကာလာမသုတ်ကိုပဲ ခေါင်းထဲထည့်ထားတဲ့ကောင်၊ဘယ်သူ့ ကိုမှတော့ မလှောင်ခဲ့ဘူး။ကမ္ဘာဆိုတဲ့ ရွာထဲမှာကိုယ့်တဲ ကိုယ်ထိုးရင်းကိုယ့်ဖဲကိုယ်ချိုးကိုယ့်အသည်း ကိုယ်ပျိုးမယ်။အိုးတိုင်းက ဗီတာမင်တွေကိုကျနော်နှစ်သက်သလောက်စီ ကျင်မယ်။ကြိုက်ရင်တော့ စမ်းသောက်ကြေးမကြိုက်ရင်တော့ ယမ်းမဖောက်ကြေး။87ကျနော်လား?အကောင်းမြင်စိတ်ကို ပိုက်တချောင်းလုပ်အဆီအနှစ်တွေကို နှလုံးသားနဲ့ လိုက်စုပ်မယ်။တိမ်တတိုက်လို့ သမုတ်ချင် သမုတ်တော့ကိုယ့်ဘာသာကိုယ်တော့ ပျံနေတဲ့ငှက် လုပ်မယ်။ကမ္ဘာကျယ်သလောက် မျက်လုံးတွေလိုက်ကျယ်ချင်တဲ့ကောင်မှာငြိမ်းချမ်းရေး ငှက်တကောင်လည်း ရှိတယ်။အဲဒီ့ ငှက်အလိုကျအချွန်အတက်တွေကိုလည်း မြိုချထားတယ်။ကဲ ကဲ…အတွေးတွေကို စီးကရက်လိုခဲမျက်လုံးတွေကို စာရွက်ပေါ်ဆီ ဝဲပြီးတော့စောင့်နေတဲ့ ကွက်လပ်ထဲမှာနာမည်တွေ တွဲပြီး ထည့်ပစ်လိုက်တယ်။88စာအုပ်တချို့ထဲက သမိုင်းဥခွံအရောင်ကိုလိုက်ပြီး ဗားရှင်းအများဆုံးသော ပညာ။မျက်လုံးတဘက်တည်း ရှိသူတွေဖတ်ဖို့ လက်တဘက်တည်း ရှိသူတွေ ရေးခဲ့တဲ့စာ။မိတ်ကပ်လွန်ဝါကျတွေ ဖောင်းပွနေလို့သရုပ်မမှန်တော့တဲ့ အမြှုပ်တကန်။တံခါး အလုံပိတ်ထားတဲ့ စာအုပ်ထဲကအသက်ရှူကြပ်နေကြသော စကားလုံးများ။ရုပ်ဖျက်ထားတဲ့ အတိတ်နဲ့ အဝေးမှုန်တတ်တဲ့ လူ့ စိတ်ကြားကဘာလင်တံတိုင်း။နောက်လာနောက်သားတွေ အတွက် စိုက်ခဲ့ကြတဲ့ အဆိပ်ပင်။အမှန်တရားယောင်ဆောင်ထားတဲ့ အမှန်တရားတမျိုး။အမျိုးသားရေးယောင်လည်း ဆောင်တတ်သေးတဲ့ အမုန်းကမ်ပိန်း။လူကိုလူလို့ မမြင်စေနိုင်တော့သော စိတ်ကြွဆေး။စကားလုံးသင်္ချိုင်းထဲက ဘိန်းခင်းတခင်း။တချို့ ရပ်ဝန်းတွေမှာတော့...ပြဌာန်းစာအုပ်ဆိုတဲ့ အဆိပ်ရွက်တွေနဲ့ ကလေးတွေကို နှိပ်စက်နေတဲ့ ငရဲ။89သွေးအိုင်တွေကို ဆေးပစ်ဖို့အတွက်စကားလုံးကြီးကြီးတွေ စွတ်ထားတဲ့ အဝတ်တစ။လူသတ်သမားတွေ လက်ဗွေရာဖျက်ဖို့ သုံးနေကြတဲ့ ကောက်ရိုးတမျှင်။(သို့ မဟုတ်)စာအုပ်တချို့ ထဲက သမိုင်း။90တခါတခါကောင်းရင်မကြိုက်တဲ့ လောကတယောက်တည်း ငိုနေပြီဆိုရင်အများစုက နားလည်ပေးကြလိမ့်မယ်။တယောက်တည်း ပြုံးနေပြီဆိုရင်တော့ထူးဆန်းနေသလိုမျိုး ကြည့်ကြလိမ့်မယ်။သြော်...လူများစွာကို တပြိုင်တည်းမုန်းခဲ့သူတွေတောင်လက်ခုပ်သံတချို့  ရခဲ့ကြသေးတယ်။လူနှစ်ယောက်ကို တပြိုင်တည်းအချစ်အဲဒီ့မှာ အပြစ် ဖြစ်သွားတော့တယ်။91ဝေရင်းနဲ့ ကြွေတချို့နေရာလေးတွေမှာ ဆင်တူယိုးမှားနဲ့ သဏ္ဌာန်တွေ မျိုးစုံကွဲပြားနှလုံးသားတွေရဲ့ အပေါ်ဆုံးအထပ်မှာ ပင့်ထားကြလည်းစုံအကန်းတွေရဲ့ အလုံခန်းတွေထဲမှာအပူသတ်တရားတွေက လူသတ်ဓားတွေလောက်မစွမ်းလူလူချင်း မမြင်နိုင်လောက်အောင်ကို ကန်းနေသေးတော့ဘုရားတွေဟာ part time ပဲ အာဏာရတန်ခိုးအရှိန်အဝါတွေ လျှောကျသွားတော့တယ်၊အပူတွေနဲ့ မှားနေတဲ့လူတွေရဲ့ နားမှာတရားဆိုတဲ့ တူရိယာကိုတီးရင်းအသံဝင်သွားတဲ့စည်းမျဉ်းခံ ဘုရင်များအဖြစ်...92အရွေ့ ယုံကြည်မှုကိုအားပြုရတဲ့ ဘာသာတရားတွေဟာနားခိုသူတွေကို အရိပ်ပေးနိုင်ဖို့ အမှန်တရားဆိုတဲ့ နေမင်းကိုခေါင်းပေါ်တည့်တည့်ကနေခပ်လှမ်းလှမ်းကို ရွှေ့ ထားလိုက်ကြတယ်။93မကျွတ်သေးတဲ့တစ္ဆေကဗျာစုကောင်းကင်ကို94“အပိုင်းခုနစ် (ကျောင်းသားဘဝနဲ့ တက္ကသိုလ်)”“ဗြောက်ဖောက်သူတို့ နဲ့ တောက်ခေါက်သူတို့ ရဲ့ကြမ်းလှတဲ့ စစ်မြေပြင်ကိုမှန်းဆလို့  ချစ်နေချင်သေးတယ်“9596လူငယ်ကြယ်တွေအချင်းချင်း မိုးပေါ်မှာဆုံဖို့ စိတ်ဆိုတဲ့ အတောင်ပံတွေနဲ့ အပြင်းပျံနေတာ လူငယ်။သူတို့ အတွင်းသဏ္ဍာန်တွေဟာ ဖြူတယ်။အရွယ်စုံ ကြယ်အုပ် လေးမှာငယ်ဂုဏ် ငယ်ရုပ် လေးတွေနဲ့ အများချစ်မယ့် ပီယဆေးတွေရှိတယ်စတားဖြစ်မယ့် ဗီဇလေးတွေ ရှိတယ်။နှစ်တွေ ဘယ်လောက်ခြားခြားဆဌမအာရုံဆိုတဲ့ နားနဲ့ သမိုင်းဆီက အမွေခံဒါသူတို့ ကို ညှို့နေကျ ပုလွေသံပေါ့ရာဇဝင်ဇာတ်အိမ်တိုင်းရဲ့ မင်းသားမီးတောက် အပြင်းစားတွေရင်ခွဲပေးလိုက်တဲ့ ဝင်းတံခါးဆီအတင်းတိုးလို့ လျှောက်ကာနင်းသွားမင်းဆိုးတို့ ကျောက်ဖျာ တင်းသွားခဲ့ဖူးတယ်။97ဟောဟိုမှာလူငယ်ဆိုတဲ့ ရထားကမ္ဘာအနှံ့ က ကြိုးတန်းတွေပေါ်မှာစွန့် စွန့် စားစားသွားနေတယ်။ဟောဟိုမှာလူငယ်ဆိုတဲ့ ကျားလူငယ်စာကိုစားဖို့ အန္တရာယ်တွေနဲ့ ကစားနေတယ်။98တက္ကသိုလ်ဆုံစည်းခြင်းတွေ စခဲ့တဲ့နေရာ ၊ ခွဲခွာခြင်းတွေ စခဲ့တဲ့နေရာမျှော်နေခဲ့ပြီး ရောက်သွားတော့မှ မလှပခဲ့တဲ့ အိပ်မက်လေးရယ်သံတွေက လွှမ်းလိုက်၊ ကျည်ဆံတွေက ကြမ်းလိုက်ဖွင့်လိုက်၊ ပိတ်လိုက်…..နိုးလိုက်၊ အိပ်လိုက်နဲ့.....အရေးအကြီးဆုံး ဇာနည် အာဂတအုပ်ရဲ့သွေးအစည်းဆုံး ပါတီဌာနချုပ်သြော်နှစ်တွေ ဘယ်လိုပဲ ဟောင်းဟောင်းခေတ်တွေ ဘယ်လိုပဲ မပြောင်းမပြောင်းဗြောက်ဖောက်သူတို့ နဲ့ တောက်ခေါက်သူတို့ ရဲ့ကြမ်းလှတဲ့ စစ်မြေပြင်ကိုပဲမှန်းဆလို့  ချစ်နေချင်သေးတယ်။99နို့ရည်ခန်းနေတဲ့မိခင်အဖေနဲ့ အမေကတော့လူမခိုးနိုင်မယ့် အမွေပေးဖို့ ကြိုးစားခဲ့ကြတာပဲ။ဒါပေမယ့်ပေးသူနဲ့ ယူသူကြားမှာခြေဆုံးခေါင်းဆုံးချော်နေတဲ့ စနစ်…မကူးနိုင်သေးတဲ့မြစ်ကြီးတခု ခြားနေတယ်။အရာရာတိုင်း မှာ အကောင်းနဲ့ အဆိုး ဒွန်တွဲနေသတဲ့။ငါနေခဲ့ရတဲ့ကျောင်းတွေမှာ အလင်းနဲ့ အမှောင် ဘယ်လောက်အချိုးရှိလဲ။ကျောင်းမှာ သင်ခဲ့ရတာတွေကတော့မြန်မာစာနဲ့ အတူ အလွတ်ကျက်ခဲ့ရတဲ့ စာစီစာကုံးတွေအင်္ဂလိပ်စာနဲ့ အတူ အသံထွက်အမှားများနဲ့ ဝေါဟာရတွေသချာင်္နဲ့ အတူ မေးခွန်းခန့် မှန်းတွက်ချက်မှုတွေဇီဝဗေဒနဲ့ အတူ သဘောပေါက်မှုမပါတဲ့ တပွဲတိုး ဘိုင်အိုသီချင်းတွေသမိုင်းနဲ့ အတူ ပေါ်လစီရောထည့်ထားတဲ့ မှိုင်းတွေဂါရဝ တရားနဲ့ အတူ ရေငုံနှုတ်ပိတ် ပြန်မထောက်ပြရဲတဲ့စိတ်တွေ….100သြော်...ကလေးငယ် တယောက်နို့ဆာနေသလိုပညာကို ဆာလောင် ငတ်မွတ်နေသူတွေအတွက်ကျောင်းတွေတော့ ရှိပါရဲ့။ဒါပေမယ့်…မတက်လို့ လည်းမရ၊ တက်ပြီးတော့လည်း ဟန်မကျတဲ့အဲဒီ့ကျောင်းတွေကိုအားမနာတမ်း ဥပမာပေးရရင်မြန်မာပြည်က ကျောင်းတွေဟာ...ပူပြင်းခြောက်သွေ့ လွန်းတဲ့ ကန္တာရထဲကလောက်တွေမျိုးပွါးနေတဲ့သောက်ရေအိုးများ။101အေးဘက်ဆိုတဲ့ တက္ကသိုလ်လောကကြီးမှာငွေကြေးနဲ့ ဝယ်ယူဖို့ လည်း မလိုတောင်းယူစရာလည်းမလို၊အလှတရားကို ဖတ်တတ်တဲ့ မျက်လုံးရှိသူတိုင်းခံစားလို့ ရနိုင်တဲ့ စည်းစိမ် တမျိုးရှိတယ်။အဖြူအနက်ကျောင်းဝတ်စုံတွေနဲ့ အားလုံးအရောင်တူအောင်ညှိထားလိုက်တာတောင်အလှရောင်စုံထွက်နေသေးတဲ့ နုနုဖတ်ဖတ် ပန်းပွင့်လေးတွေသူနိုင်ကိုယ်နိုင်အလှချင်းပြိုင်နေကြတဲ့ နံနက်မှာငါ့မျက်လုံးနှစ်ဘက် အစာရှာထွက်ဖို့ အတွက်ငါ…အေးဘက်ကို ထွက်လာခဲ့တယ်။ပန်းလေးတွေကို မခူးမဆွတ်ပဲမသိမသာခိုးကြည့်ပြီးသူတို့ ရဲ့ အလှအပတွေကို အသိအမှတ်ပြုခြင်းဟာအပြစ်မရှိဘူးလို့  ကိုယ့်ကိုယ်ကို ဖြေသိမ့်ရင်းနဲ့ ပေါ့။ဒီလိုနဲ့ …အေးဘက်ဝင်းထဲ ခြေအချမှာစကတ်တိုတိုနဲ့ ပန်းလေး တပွင့်က102သူ့ ဖြစ်တည်မှု သူ့ အလှနဲ့ ခပ်မိုက်မိုက် ပွင့်ပြတယ်။ဟော…ဟိုမှာသုံးယောက်တွဲပြီးလျှောက်လာတဲ့ပန်းလေး တခက်သူတို့ အလှကိုယ်စီနဲ့ ငါ့မျက်လုံးကို နှုတ်ဆက်တယ်။ဟိုမှာတော့ဟန်းဖုန်းပြောရင်းနဲ့  ပြုံးနေတဲ့ကောင်မလေးတယောက်၊ဝေးလျက်နဲ့ နီးနေရတဲ့ အရသာကို ခံစားပြီးတော့ ပြုံးနေတာလား။ဒီလိုနဲ့ ဆက်ပြီးအလျှောက်ရေကန်လေးနား အရောက်မှာအလှမွေးထားတဲ့ ငှက်ကလေးက“ဖီးခ” ဆိုပြီးနှုတ်ဆက်တယ်။ရေကန်ထဲမှာလည်းပျော်ရွှင်စွာ ကစားနေတဲ့ ဘဲကလေးနှစ်ကောင်တကောင်က ပြေးလို့ ၊ တကောင်က လိုက်လို့ ။ထိုင်ခုံလေး တခုံမှာတော့ကောင်လေး တယောက်နဲ့ ကောင်မလေး တယောက်အပျင်းပြေ ထိုင်နေကြတာလား။အချစ်တွေ ပြိုင်နေကြတာလား။103ဒီလိုနဲ့ ငါသွားပြီးထိုင်နေကျ E building ရှေ့ အရောက်မှာဘယ်အချိန်ရောက်ရောက် မျက်လုံးထဲက ဖျောက်ပစ်ဖို့ ခက်တော့မယ့်မြင်ကွင်းတခုက ဆီးကြိုနေတယ်။မြူးမြူးကြွကြွ ပန်းပွင့်ပျို တသိုက်ကိုယ့်အလုပ်ကို ကိုယ်ဂရုစိုက်ပြီးမော်ဒန်အက တိုက်လို့ ၊ပတ်ဝန်းကျင် တခုလုံးကို မေ့လျော့နေသလိုလို ။ယုံကြည်ချက် အငွေ့ အသက်တွေ စွက်နေတဲ့‘က’ဟန် ‘က’ချက် တွေနဲ့ ကောင်းကင်ဆီကိုပဲ ချက်ခြင်း ပျံတက်တော့မလိုလို။ပန်းပွင့်လေးတွေက ရူပါအဆင်း ပြိုင်နေရုံတင်မကဘူး၊သူတို့ စုမိတဲ့နေရာနားတဝိုက်ဟာဂီတဝိုင်းတခုလိုပဲ မြိုင်မြိုင်ဆိုင်ဆိုင်၊ပြိုင်ပွဲထဲက ငှက်ကလေးတွေလိုတေးဆိုပြိုင်နေကြတာလား။သူတို့ ပြောနေကြတဲ့ စကားလုံးဝဲဝဲလေးတွေကိုနားမလည်ပေမယ့်သူတို့ ပြောလိုက်တဲ့စကားလုံးတွေဟာကိုယ့်ကိုယ်ကို ယုံကြည်မှုတွေနဲ့ အရောင်လက်လို့ သြော်…သူတို့ ရဲ့ အနာဂတ်တွေကလည်း အရောင်လက်လို့ ။အေးဘက်ဆိုတာလူငယ်တွေရဲ့ ရင်ခုန်သံစစ်စစ်နဲ့ လောကတံခါးသစ်တွေကို ဆွဲဖွင့်ပစ်မယ့်ကျောင်းလား။104ပန်းပွင့်တို့ ရဲ့ မလိုင်တွေအလှချင်းပြိုင်နေကြတဲ့ကျောင်းလား။ဘာပဲဖြစ်ဖြစ် နို့တခွက်မှာ မလိုင်များတာဟာ ကောင်းတဲ့ အခြေအနေပါ။နယ်ကျွံသွားတဲ့ အတွေးတွေအလည်လွန်ထားတဲ့ မျက်လုံးတွေနဲ့ သူတို့ မျက်နှာပေါ်က စကားလုံးတွေကို သွားဖတ်ကြည့်တယ်။သူတို့ မှာ အနာဂတ် ပျောက်နေတဲ့ မျက်နှာတွေ မရှိဘူး။ပျံသန်းရမှာ ကြောက်နေတဲ့ လက္ခဏာတွေ မရှိဘူး။သူတို့ မှာ ကမ္ဘာကြီးကို စားပွဲပေါ်တင်ဖတ်ဖို့ laptop ကိုယ်စီရှိတယ်။တကျောင်းလုံးအနှံ့ ကိုယ်ယောင်ဖျောက်ပြီး ပျံနေတဲ့ ဝါယာလက်(စ်)အင်တာနက်ကော်နက်ရှင်လည်း ရှိတယ်။မိုင် ၃၆၀ လေး ဝေးသွားတာနဲ့ အခွင့်အရေးတွေက တကမ္ဘာစီလောက်ခြားသွားရသလား။နယ်နိမိတ်မျဉ်းပါးပါးလေး ခြားလိုက်တာနဲ့ ငှက်တွေရဲ့ ဘဝဟာ လေလွင့်သစ်ရွက်ဖြစ်တဲ့အထိ ထိုးကျသွားရသလား။သြော်...အလှတရားခံစားရင်းနဲ့ မကျက်သေးတဲ့ အနာပေါ်ကိုတုတ်ကျခြေတွေလက်တွေလှုပ်လို့ မရခဲ့တဲ့ ဘဝကို ပြန်ပြီးသတိရမိတယ်။နောက်ဆုံးတော့လျှပ်စီးလက်တုန်း ခဏလေးမှာ လင်းခွင့်ရနေတဲ့ ကောင်းကင်တချပ်105ငှက်ခဏ ဖြစ်ခွင့်ရနေတဲ့ သစ်ရွက် တကောင်ဟာကိုယ့်မျက်လုံးတွေကို ကိုယ်ပြန်သိမ်းလန့် နိုးလာတဲ့ ဒဏ်ရာဟောင်းတွေကို ပြန်ပြီးချော့သိပ်ဒုက္ခတွေ အိမ်ငှားနေတဲ့ ရင်ဘတ်ကို ပြန်ပိတ်ပြီးအေးဘက်ကျောင်းဝင်းထဲကနေတိတ်တိတ်ကလေး ပြန်ထွက်လာခဲ့တယ်။106“အပိုင်းရှစ် (ပုဂ္ဂလိက ပေါက်ကွဲမှု)”“လူကြီးတွေကအစငါးပါးသီလကျတော့ မပြတ်အော်စားဖားဗီဇရှိမှ သားမက်တော်ချင်ကြတယ်။”107108ခေါက်ရိုးကျိုးနေတဲ့ဇောက်ထိုးအမှန်တရားက ချွေးသုတ်နေတုန်းမှာအကြံသမားက သွေးစုပ်နေတုန်း။ခေတ်ကြီးကိုကဓမ္မတွေကို သေနတ်နဲ့ နားထင်ပေါ်ထောက်ဓားပြတွေ အမှတ်တမဲ့ စင်ပေါ်ရောက်တဲ့ခေတ်။လူကြီးတွေကအစငါးပါးသီလကျတော့ မပြတ်အော်စားဖားဗီဇရှိမှ သားမက်တော်ချင်ကြတယ်။မကြိုးစားဘဲနဲ့ လူကြားထဲ ဆံ့ချင်သလားမရိုးမသားနဲ့ မုသားပဲ ဖြန့် ချင်သလားဒီလိုအင်တာနက် ခေတ်ကြီးထဲမှာအလစ်မှာ မရှက်မကြောက်စိတ်နဲ့ clickကာ တချက်လောက် နှိပ်လိုက်ရုံပဲ။ကြိုးစားမှု သီအိုရီကိုသူခိုးအများစုက ဒီလိုရီသတဲ့။“မင်းတို့ ဖိနပ်စီးနေတုန်းမှာငါတို့ က ကမ္ဘာတပတ် ပတ်ပြီးပြီတဲ့”အဲဒီ့စကားပုံက တခါတခါ သွေးပျက်လောက်အောင်မှန်တယ်။109ဒီလိုနဲ့ ငါခံစားသမျှ ထွေးထုတ်အဆန်သမားက စတေးလုပ် နေတုန်းမှာဖျံသမားက ပြေးရှုပ်နေတုန်းအမှန်တရားက ချွေးသုတ်နေတုန်းမှာအကြံသမားက သွေးစုပ်နေတုန်း။110တိုက်စစ်မှူးမဟုတ်တဲ့ တိုက်စစ်မှူး‘အေ’ဟာ မထီသလိုသဘောနဲ့ အသေအချာ ဘီကိုပြောတယ်“ကလောင်တွေ ရွှေ့ ရုံနဲ့ တောင်တွေ မရွေ့ ဘူး”တဲ့။‘ဘီ’ဟာ မမှုသလိုသဘောနဲ့ ရီကာ အခုလို ပြောတယ်။“ယုံကြည်ချက်ဟာ တောင်တွေကို ရွှေ့ နိုင်တယ်”တဲ့။“ကလောင်နဲ့ ယုံကြည်ချက်တွေကို ရွှေ့ မယ်။”‘အေ’ဆိုတဲ့ သူငယ်ချင်းရေဘဝပေါင်းများစွာ ထည့်အကြိတ်ခံတာတောင်ဆီမဖြစ်သေးတဲ့ပွဲမှာပါဝါရထားတဲ့ အရုပ်ကရောဘေးကထွက်ကြည့်နေတဲ့ အရုပ်ကပါပွန်းတွေစိတ်အားထက်သန်တဲ့တကျပ်တပြားနည်းတယ်ဆိုပြီး ငြင်းသင့်သလား။ပြောနေ ဆိုနေတုန်းမှာပဲဆောင်းဦးလှိုင်ရဲ့ သီချင်းသံဂီတတောင်ပံနဲ့ ဝဲပျံလာတယ်။111“လူဟာ…ခံစားမှုရဲ့ တွန်းကန်အားကို ရရှိနိုင်မှငါတို့ အကောင်းဆုံးဆုများ ယူနိုင်မှာ”တဲ့။ကဲ..ကဲ..သူငယ်ချင်းတို့ ခွဲခြားခြင်းဟာ အမှားတခုမို့ တွဲကစားရင်းသာ အားစုစို့ ။112အရည်အချင်းကိုယ့်အကျိုးကိုယ်ငြင်းကိုယ့်အမျိုးကိုယ်ညှဉ်းကိုယ့်ပုဆိုးကိုယ်နင်းကိုယ့်ဂိုးကိုယ်သွင်းတို့ အရည်အချင်း။113ကဗျာမာနဟေ့..ဒီမှာ…ငါကကိုယ့်လမ်းကိုယ်ရှင်းကိုယ့်ပန်းကိုယ်ခင်းကိုယ့်ငြမ်းကိုယ်နင်းကိုယ့်အစွမ်းနဲ့ ကိုယ်လင်းခဲ့တာ။ဟေ့ ဒီမှာ…ငါကကိုယ့်ကြမ္မာကိုယ်ရွေးကိုယ့်ကမ္ဘာမှာ ကိုယ်ပြေးရင်းကကိုယ့်အနာကိုယ်ဆေးဖို့ ကိုယ့်ကဗျာ ကိုယ်ရေးခဲ့တာ။အနုပညာခရီးတလျှောက်မှာလည်း ငါကကိုယ့်မိတ်သဟာနဲ့ ကိုယ်တွဲကိုယ့်သိက္ခာနဲ့ ကိုယ်ဝဲကိုယ့်လိပ်ပြာနဲ့ ကိုယ်ရဲခဲ့တာ။အနာတွေ ညှစ်ရင်ကဗျာတွေ ဖြစ်တယ်လို့ ငါယုံကြည်တယ်။114ငါကကိုယ့်စည်းကိုယ်စောင့်ကိုယ့်အသီး ကိုယ်ကောက်ကိုယ့်ခရီး ကိုယ်လျှောက်ရင်းကကိုယ့်မီးနဲ့ ကိုယ် တောက်ခဲ့တာ။ငါကကိုယ့်ဥာဏ်ကိုယ်ဖွင့်ကိုယ့်ဈာန်ကိုယ်မြှင့်ပြီးကိုယ့်အလံကိုယ်လွှင့်ခဲ့တာ။ငါဟာကိုယ့်ညာဉ် ကိုယ့်အစွဲနဲ့ ကိုယ့်ဂျင်ကိုယ်မဲ…ကိုယ့်ရင် ကိုယ်ခွဲပြီးတော့တောင်ကိုယ့်ပလ္လင်ကိုယ်ဆွဲခဲ့ရတာ။ငါဟာကဗျာတစုကိုကမ္ဘာတခု ထင်နေမိသူပေါ့အခုတော့…ငါ…အနာတခုဝင်ခို လာတဲ့ ကောင်းကင်ကိုဟာကဗျာဥယျာဉ်ကို တော့ ပေါင်းသင်လိုတယ်။မြတ်နိုးလွန်းလှတဲ့ ကဗျာကိုလည်းအရွယ်အို နှစ်တရာအထိတကယ်ကို သစ္စာရှိနေမယ်။115မကျွတ်သေးတဲ့တစ္ဆေကဗျာစုကောင်းကင်ကို116“အပိုင်းကိုး (အချစ် ကဗျာစု ၊ ဘဝ ကဗျာစု)”“ သဲသောင်ပြင်ပေါ်မှာကိုယ့်နာမည် အတိုကောက်လေး။နာမည်ရဲ့ နောက်မှာတော့ကောင်မလေး တယောက်လက်နှစ်ဘက်ကို မြှောက်ပြီး အသည်းပုံဆက်သူ့ မျက်နှာကလည်း ချစ်ခြင်းမေတ္တာတွေ ဖြာထွက်လို့ ”117118ကဗျာလေးထဲမှာ ဆက်အိပ်ပါရစေသဲသောင်ပြင်ပေါ်မှာကိုယ့်နာမည် အတိုကောက်လေး။နာမည်ရဲ့ နောက်မှာတော့ကောင်မလေး တယောက်လက်နှစ်ဘက်ကို မြှောက်ပြီး အသည်းပုံဆက်သူ့ မျက်နှာကလည်း ချစ်ခြင်းမေတ္တာတွေ ဖြာထွက်လို့ ။သြော်..ရင်ခုန်သံကလွဲလို့ …လောကကြီးတခုလုံး အသံတိတ်အရေပြားပေါ်ကို ကြက်သီးလေးတွေ လျှံဖိတ်ကိုယ့်ဇာတ်ဝင်ခန်း အထွတ်အထိပ်လေးကိုလက်တွေ့ ဘဝဆိုတဲ့ လက်သည်းနဲ့ ဆိတ်မကြည့်ချင်ဘူးတကယ်ဖြစ်နေတဲ့ အိပ်မက်ကလေးကျိုးအချိန်မတန်ခင် နိုးမှာစိုးလို့ ။119အချစ်ဆိုတာအချစ်ဆိုတာ တလုံးတည်းနဲ့ ရသစုံနေတဲ့ သစ်သီးအချစ်ဆိုတာ နှလုံးသားကို ထထခုန်စေတဲ့ ပစ္စည်း။အချစ်ဆိုတာ လစ်ပိုတွေ အပြည့်ဖြည့်ထားတဲ့ အဏ္ဏဝါချစ်သူ့စကားနဲ့ ဒုက္ခတွေကို ပစ်ပေါက်လိုက်မယ် အဖန်တရာ။အချစ်ဆိုတာ လူပျင်းတွေကိုတောင် တင်းပေးနိုင်တဲ့ သံပတ်အချစ်ဆိုတာ အထီးကျန်နေသူတွေရဲ့ နောက်ဆုံးခံတပ်။အချစ်ဆိုတာ မမြင်နိုင်တဲ့ ကြိုးတချောင်းနဲ့  ပျံသန်းနေတဲ့ လေတံခွန်အချစ်ဆိုတာ ကဗျာမျိုးစေ့တွေ စီးဆင်းလာတဲ့ ရေတံခွန်။အချစ်ဆိုတာ ရေယောင်ဆောင်ပြီး ကြည်လင်နေတဲ့ ဂျင်အရက်လူတွေကို ယစ်မူးစေနိုင်ခဲ့တယ် အစဉ်အဆက်။အချစ်ဆိုတာ နှုတ်ခမ်းလေးထဲက ခုန်ပေါက်ထွက်လာတဲ့ သကာအချစ်ဆိုတာ ထမင်းပြီးရင် အရေးအကြီးဆုံးသော အစာ။အချစ်ဆိုတာ လျှာဖျားစက်ရုံတော်က ထုတ်လုပ်လိုက်တဲ့ သကြားချိုချို ဖြစ်ပါသလား။အချစ်ဆိုတာ ပါးစပ်ဖျားပေါ်မှာတင် တစ်သွားတဲ့ မေတ္တာတရား။120အချစ်ဆိုတာ မပျောက်ချင်လို့  တမင်တကာ မွေးထားလိုက်တဲ့ အနာအချစ်ဆိုတာ အချိန်တွေပေးပြီး ကျင်ယူထားရတဲ့ ရတနာ။အချစ်ဆိုတာ အရေးတကြီး အဟောခံခဲ့ရတဲ့ တရားအချစ်ဆိုတာ လူသားတွေရဲ့ အနူးညံ့ဆုံးသော အမှား။အချစ်ဆိုတာ အရာရာကို တော်လှန်ရဲတဲ့ သူပုန်တချို့ ကျတော့လည်း မိဘစကားဆိုတဲ့ ပုဝါဟောင်းကြီးတွေကို ခြုံလို့ ။အချစ်ဆိုတာ တချို့ မိန်းမသားတွေ အတွက်တော့ ထမင်းတလုတ်တခါတခါ သူတို့ ကို ခေါင်းခေါက်ရွေးနိုင်မယ့် ဒေါ်လာတဆုပ်။အချစ်ဆိုတာ ကောင်မလေးတွေ အရမ်းကျွမ်းတဲ့ ဂဏန်းသချာင်္ပုရိသတွေကို ချိန်တွယ်ပစ်မယ့် အံ့မခန်းပညာ။အချစ်ဆိုတာ အရည်မမီလို့ အပယ် ခံလိုက်ရတဲ့ ဆန်ကွဲအချစ်ဆိုတာ ဖန်ထည်ထက်တောင် ကွဲအက်လွယ်တဲ့ အသည်း။အချစ်ဆိုတာ ကြိတ်ပြီးတဲ့ အခါ အချိုကုန်သွားတတ်တဲ့ ကြံဖတ်ဘာပဲဖြစ်ဖြစ် သံယောဇဉ်နဲ့ မြတ်နိုးတတ်ဖို့ တော့ လိုတယ်။အချစ်ဆိုတာ ကမ္ဘာကိုမောင်းနှင်ထားတဲ့ လောင်စာအချစ်ဆိုတာ ငါတို့ ကို အကျဉ်းချထားတဲ့ ထောင်ပါ။121အချစ်ဆိုတာ ကျွံမိရင် ကြိုက်ကြိုက် မကြိုက်ကြိုက် နေရတော့မယ့် စခန်းအချစ်ဆိုတာ ဂငယ်ကွေ့  ပြန်ကွေ့ ဖို့ ခက်ခဲတဲ့ လမ်း။အချစ်ဆိုတာ ဘယ်တော့မှ မတိတ်မယ့်မိုးချောချော လှလှလေးတွေကို မြင်ရင် အသည်းနှလုံးဆိုတာ နိုးတတ်တယ်။အချစ်ဆိုတာ နှစ်ယောက်တည်းနဲ့ စပြီးပျိုးခဲ့တဲ့ ဥယျာဉ်သံယောဇဉ် နွယ်ပင် လေးတွေကို စုချင်တယ်။အချစ်ဆိုတာ လုံခြုံမှုကို ပေးစွမ်းနိုင်တဲ့ အမိုးအချစ်ဆိုတာ လူအလစ်ကို စောင့်နေရတဲ့ သူခိုး။အချစ်ဆိုတာ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ မှန်းဆရ ခက်တဲ့ မိုးတိမ်အချစ်အကြောင်းကို ဖွဲ့ လိုက်တိုင်း ကိုယ့်လက်ကိုယ် စိုးရိမ်တယ်။122ဖူးစာရေးနတ်သို့ ညခင်းတို ခဏလေးမှာလမင်းလို ညီမလေးကအဒိန္နာဒါနာကိုချိုးငါ့အချိန်များ လာလာခိုးတယ်။မာယာများတဲ့ ပန်းလေးရေဂါထာများနဲ့ မန်းဆေးတွေ နင့်မှာရှိလား။ပျက်ပြယ်လုသွားတဲ့ ငါ့အိပ်မက်တွေကိုအသက်ကယ်ကုစားဖို့ သွားတက်ငယ် တခုအားနဲ့ တချက်ရယ်ကာ ပြုစားလှည့်ပါ။စောင်းတလုံးရဲ့  ဗီဇလေးများနဲ့ နှုတ်ခမ်းလွှာရေအကောင်းဆုံး ဂီတတေးများ ဖွင့်စမ်းပါဦး။နင့်ရဲ့သကာစကားလေးတွေအမျိုးမျိုးနဲ့ ငါ အားဆေးတွေထိုးပါရစေ။ချစ်သူကို ကဗျာတပုဒ်အဖြစ်မှတ်နှလုံးသားနဲ့ ခြေဆုံးခေါင်းဆုံး ဖတ်ကြည့်တော့သူ့ အလှအပိုဒ်တိုင်းဟာ123ဘဝဆိုတဲ့ မမြင်မစမ်း တောလမ်းတခုကမရလိုတဲ့ ဘဝင်နွမ်း မောပန်းမှုတွေကိုအလိုအလျောက်ပဲ သွားဖယ်မယ့် အရာကိုယ်တယောက်တည်း နားလည်မယ့် ကဗျာပေါ့။သူနဲ့ တွေ့ လိုက်တိုင်းမှာဒုက္ခအကျိတ်ငယ်များဟာလည်းလုံးဝ အဆိပ်ပြယ်သွားရတယ်။သြော်…အမြင်ကို ဖမ်းစားနေတဲ့ ပင်ကိုဟန်ရင်ကိုယမ်းသွားစေတဲ့ ရွှင်ချိုသဏ္ဌာန်လေးတွေနဲ့ သူ့ုအလှမှော်ကို ခံစားခဲ့ရတော့လူ့ ဘဝက အတော်ကိုတန်သွားခဲ့ရပေါ့။ဟော ဟိုမှာ တွေ့ လား‘အလှ’စင်လေးတခုပေါ်မှာ‘မ’..ယဉ်ကျေးမှုတွေ ပန်ထားတဲ့သူ့ မျက်နှာနတ်ရေကန်လေးဟာကိုယ့် ချစ်သူ ငွေလမင်းပဲ ဆိုတာကိုဖူးစာရေးနတ်ရေကူးကာရေးမှတ်။124ညှို့မျက်စောင်းအာရုံထဲမှာ…ခိုးဝင်လာတဲ့ မျက်နှာလေးကမျက်စောင်းတွေအချက်တသောင်းခြွေချ။sweet တွေလောင်းပြီးထည့်အကြည့်တွေစောင်းပြီးဖွဲ့ တဲ့ကိုယ့်အတွက်မျက်စောင်းကဗျာမှာလျှို့ ဝှက်အနက်ပေါင်းတရာ ထည့်ထားသလား။ညှို့ အားတကြောင်းစီမှာဗို့ အားတသောင်းစီ ရှိနေတယ်။မကျက်တကျက် မျက်နှာလေးပေါ်မှာကြည်ဖြူတဲ့ အရိပ်များတွေ့ တိုင်းဒီလူရဲ့ စိတ်အားပြည့်နွေလိုပူတဲ့ အတိတ်များမေ့ သွားခဲ့တယ်။လောကဓံအဆိပ် ဖြေဆေးတွေကိုမျက်စောင်းလေးနဲ့ ဖော်စပ် ပေးပါ ကောင်မလေးရေ။ဒီကမ္ဘာမှာ ကိုယ်ရင်အခုန်ဆုံး အလုပ်ကမျက်စောင်းလေးတွေထဲမှာ သူထည့်ပေးတတ်တဲ့သူ့ စိတ်ကာလာအမှန်ကိုအနုစိတ်ဘာသာပြန်ခြင်း ။125အမှတ်မထင်အမှတ်မထင်…ကြည်နေတဲ့ ကောင်းကင်ဟာပြာနေရာက ပန်းနုရောင်ညစ်သိပ်သည်းလာတဲ့ အချစ်တွေနဲ့ ။အမှတ်မထင်ဘွားကနဲ တွေ့ လိုက်ရတဲ့ ဥယျာဉ်မှာသံယောဇဉ် သစ်ပင်လေးတွေစိုက်ပျိုးသူ့ အသည်း ဧည့်ခန်းဆောင်မှာနှင်းဆီလေးတွေ လိုက်ထိုးမိတယ်။အနွေးဓာတ်လိုနေသူမို့ မီးကို ပျိုးလိုက်မိတယ်။စည်းကို ချိုးလိုက်မိတယ်။အမှတ်မထင်…နှလုံးသားကန်ရေပြင်ထဲသူ့ စကားပွင့်လေးတွေကြွေအကျမှာဂယက်ပေါင်းများစွာထရင်ခုန်သံဆိုတာ ဖန်တီးယူလို့ မရတဲ့ ဂီတပေါ့။126နှိုးလိုက်စမ်းပါ ဖုန်းသံလေးရေ၊အထီးကျန် ငါ့ရဲ့  ညအချိန်တွေကို ခိုးလိုက်စမ်းပါ။အိပ်ပြီးနားနေရတာထက်နိုးပြီး သူ့ အသံလေး ကြားနေရတာကခွန်အားတွေ ပို ပြည့်စေလို့ ။အဲဒီ့ နှုတ်ခမ်းပါး လေးပေါ့။Soft Power ယမ်းအားလေးနဲ့ သူ့ အသံ ပန်းမြှားလေးနဲ့ စိတ်တိမ်တိုက် အမှောင်တွေကိုအစဉ်အမြဲလာခွင်းရင်ထဲမှာလင်း။127အနမ်းလှေမဲ့ ကမ်းခြေနှစ်ဘက်ခြောက်ကပ်ပြီး ပက်ကြားအက်နေတဲ့ငါ့နှလုံးသား ဥယျာဉ်မှာကန္တာရတွေ အဆုပ်လိုက် ပွင့် နေတယ်။ညပေါင်း တသောင်းကျော်စောင့်တာတောင်ငါမျှော်နေတဲ့ လမင်းကအခုထိ မသာဘူး။ငါဟာအချစ်ရဲ့ ပွင့်ချပ်တွေနဲ့ ငါ့လှေငယ်မှာ ရွက်တပ်ချင်လို့ စောင့်နေတဲ့သူပါ။ခြေလှမ်းတလှမ်းလှမ်းလိုက်တိုင်းအထီးကျန်မှုဟာငါ့နောက်က တကောက်ကောက်လိုက်လာတယ်။သြော်…ကြွေရှာတဲ့ သစ်ရွက်တွေမှာတောင်ခိုစရာမြေပြင်ရှိသေးတယ်၊ဝေဒနာနဲ့ နှစ်ရက်တွေမှာငါငိုစရာရင်ခွင် မရှိဘူး။128ကံကြမ္မာက အတင်းပစ်ချလိုက်တဲ့တိုက်ပွဲမှာလောကဓံရဲ့  လက်သီးချက်တွေနဲ့ ဘဝက ခဏခဏ ကွဲတယ်။ဒဏ်ရာဒဏ်ချက်တွေထဲကစိမ့်ထွက်လာတဲ့သွေးတွေကိုအကြင်နာလက်တွေနဲ့ ဘယ်သူလာ ဆေးထည့်ပေးပါ့မလဲ။သြော်…ငါ့ပါးနှစ်ဘက်ကမ်းခြေမှာအားတက်စေမဲ့ “အနမ်းလှေ” ဟာဘယ်အချိန်လာရောက် ဆိုက်ကပ်လေမလဲ။129အချစ်ဆိုတဲ့ ထရိုဂျန်စောင့်ကြည့်နေတဲ့နှုတ်ခမ်းတွေကလည်း ဘဝပွင့်ငယ်ကို အပီထောင်းသွားခဲ့ပြီ။လျှောက်မိနေတဲ့လမ်းတွေကလည်း တရာ့ရှစ်ဆယ် ဒီဂရီ ပြောင်းသွားခဲ့ပြီ။အတိတ်မှာ အရက်စက်ဆုံးမြှားချက်နဲ့ စိတ်ပိုင်းဒဏ်ရာ ရခဲ့သည်။စိတ်ဟာ တက်ခဲ့တုန်းကလို အရှိန်အတိုင်း ပြန်ကာကျခဲ့ပြီ။ဒီလိုနဲ့အတွေးတွေကသွေးတွေကိုဝမ်းနည်းခြင်းမျက်ရည်အဖြစ်ပြောင်းလမ်းခွဲခြင်း သက်သေအသစ်ပေါင်းလိုက်တယ်။နင်ထပ်မလိုတဲ့ အထီးကျန်မေတ္တာတွေရင်ဘတ်ဆိုတဲ့ မီးခံသေတ္တာထဲမှာသေလို့ ။နှစ်လိုခဲ့တဲ့ ပရိုဂရမ်အချစ်ဆိုတဲ့ ထရိုဂျန်ဟာရင်ခုန်သံကို မြန်စေ၊ နှေးစေ၊ ရပ်တန့် စေသလား။အချစ်ဟာ သူ့ ရဲ့ အလှအနုဆုံး လက်သီးနဲ့ ဘဝတခုလုံး ဖျက်ဆီးခဲ့တယ်။130အိပ်မက်ဆိုး ရာသီရှတတနဲ့  အယ်(လ်)ကိုဟော အခါးရည် တခွက်ငါ့ဘဝအတွက် တကယ်ချိုသော ပျားရည်စက်ပေါ့။အရသာခံလို့ မော့လိုက်တယ်။သူငယ်ချင်းတို့ ၊ အချစ်အကြောင်းနဲ့ တော့ မမြည်းကြပါနဲ့ ။ငါကအရှုံးသမား ကျားနာတကောင်နှလုံးသား အစားအစာရှောင်တယ်။သြော်…ငါ့အဘိဓာန်စာအုပ်များထဲကအသာထုတ်ထားခဲ့တဲ့ ဘဝမျိုးထဲငါဟာလေ အခုမှပဲ မျောပါနာတာရှည် ကုမရတဲ့ရောဂါနဲ့ ။အချိန်တန် အိမ်ပြန်ချိန် ရောက်ပြန်တော့လည်းပုလဲ တပေါက်ချင်း ကြွေနေတဲ့ ကမ္ဘာမှာအသည်းမခြောက်မချင်း ထွေနေမယ့်ငါဟာဆောင်းစရာထီးမရှိတော့ခံစားချက်မဲ့နေတဲ့စိတ်ကိုပဲထီးအစားထိုးလို့ ဆောင်းလိုက်တယ်။131ဒီလိုနဲ့ အကာအကွယ်မဲ့သွားတဲ့ ငါ့အပေါ်တစင်းပြီး တစင်း ညာသံပြင်းပြင်းနဲ့ ခုန်ဆင်းလာတဲ့ မိုးစက်ပွင့်တွေကိုအဟုန်ပြင်းစွာ ထိုးနှက်ခွင့်ပေးလိုက်ရတယ်။ဂရုထားသူ မရှိတဲ့ အရိပ်များနဲ့ ရှုစားသူ မရှိတဲ့ပိတ်ကားပေါ်မှာတော့သဘာဝတရားရဲ့ အစက်အပေါက်တွေ အောက်မှာ‘အနာ’ရ ထားတဲ့ အစက်အပြောက် တပြောက်ကမ်းပျောက်ခြင်းအတွက် လေနေတယ်။သြော်…လမ်းလျှောက်ရင်းနဲ့ သေနေတယ်။132ကိုယ့်နည်းကိုယ်ဟန်နဲ့ အိုမာခယမ်လူတွေကို ဆရာလုပ်ဖို့ အမြုတေ ကဗျာတပုဒ်လည်းရှိမယ်။အဖော်လို ကြင်နာမဆုံးတဲ့ဟော်လိုဂစ်တာ တလုံးလည်းရှိမယ်။လှမ်းကာ အပြင်ကမ္ဘာနဲ့ ဆက်ဖို့ အခန်းမှာ အင်တာနက်လည်းရှိမယ်။ညတာကို ကျော်လွန်ကာဖြတ်သန်းဖို့ ငါ့မှာ…အဖော်မွန်စာဖတ်ခန်း လည်းရှိမယ်။ခွက်ဘေးမှာနေတဲ့ အမြည်းနဲ့ လက်ဆေးကာနေတဲ့ ဇနီးကတော့ကိုယ်စိတ်နှစ်ပါးအတွက် အာဟာရပေါ့။အချစ်တွေဆာလောင်လာတဲ့အခါမြန်နှုန်းမြင့်ရင်ခုန်သံကို နောက်ခံဂီတအဖြစ်ဖွင့်ပြီးကာယကံ၊ ဝစီကံ မနောကံနဲ့ ယုယကြမယ်။လူတွေမရှိခိုက်မို့ ဟန်ဆောင်နေဖို့ လည်းမလိုအပူတွေမရှိခိုက်မို့  ရန်ထောင်နေဖို့ လည်းမလို133ပေလေးဆယ် ခြောက်ဆယ်နဲ့ ကျားတယောက်နဲ့  မတယောက်ပဲရှိတဲ့ငါ့ စံပြကမ္ဘာငယ်လေးမှာဓမ္မသယံဇာတလည်း ကြွယ်ချင်သေးတယ်။134နောက်ဆုံးပိတ် အရသာအစကတော့ ငါဟာ….အချစ်ဆိုတဲ့ဈာန်နဲ့ ပျံနေတဲ့ ရထားအာရုံထဲက ကောင်းကင်ပေါ်မှာ ဟန်တွေနဲ့ ကြွားအချစ်ကိုကိုးကွယ်ခြင်းဟာ တဒင်္ဂတော့ မှန်နေတဲ့အမှား။မျှော်နေတဲ့ဘူတာကို ဆိုက်ခါနီးမှ ကံတွေလှည့်စားငါ့ကျမှ ကွက်ကျားပြီးတော့ ကံခေခဲ့သလားသူ့ စိတ်ကိုငါ နားမလည်မှုမှာ သူ့ မာန်တွေပဲ့သွားသူ့ နှုတ်ခမ်းပြောင်းဝက ပေါက်ကွဲထွက်လာတယ် ရန်မပြေတဲ့စကားအခုတော့ ကိုယ့်ချစ်သူဟာ မာန်နေတဲ့ကျား။ဇာတ်သိမ်းတော့ ငါ့ကို အမုန်းလူးထားတဲ့ မြှားတွေနဲ့ မှန်နှလုံးသားတခုလုံး စုတ်ပြတ်သတ် အသားတွေပဲ့ကျန်အံသြတုန်လှုပ် မျှော်လင့်ချက်မဲ့ သွားစေတဲ့အသံညည အိပ်မက်ဆိုးထဲထိအောင် ကြားနေခဲ့ပြန်။အောက်မေ့မှုက စိတ်ငြိမ်းချမ်းမှုကို တားနေခဲ့ပြန်ပျော်ရွှင်မှုဆိုတာ ငါ့ညတွေမှာ ရှားနေတဲ့ရမ်(မ်)ချိုစေချင်လို့ အချစ်ထည့်လိုက်မှ ဆားတွေနဲ့ ငန်နောက်ဆုံးတော့ ငါ့လက်ထဲမှာ ခါးနေတဲ့ကြံ။135ဒုက္ခရဲ့လက်နှစ်ဘက်သွားဖြစ်သွားတဲ့ လမ်းခရီးမှာအားဖြစ်သွားတဲ့ ယမ်းမီးနဲ့ တားမြစ်ထားတဲ့ ပန်းသီးရယ်မှားဖြစ်သွားတဲ့ အခန်းကြီးရယ်။ဒီလိုနဲ့ အထီးကျန်ငှက်တကောင်ဟာမေတ္တာကို အလေးအနက်ခံစားအချစ်ကမ္ဘာကို ပြေးထွက်ပျံသွားခဲ့တယ်။စိတ်လှုပ်ရှားမှုက တွန်းချလိုက်တဲ့အညှိုးတသောင်းနဲ့ နွံထဲမှာတော့အဆိုးအကောင်းတို့ ဒွန်တွဲငါလည်း... အချိုးပြောင်းလို့ လွန်ဆွဲခဲ့တယ်။ရုန်းကန်မှုဆိုတာဘုန်းကံတခုပေါ့။ဒုက္ခဟာသူ့ လက်တဘက်နဲ့ .. လူတွေကို ထိုးနှက်နေသလိုသူ့ လက်တဘက်နဲ့ .. လူတွေကို တိုးတက်စေတယ်။136မရှိခိုက်တညတာ ပျော်စရာကမ္ဘာရောက်အောင်ငါ့မှာ ဒေါ်လာတရာလောက်တောင် မရှိ။မသိမသာ ရင်ခုန်ဖို့ ကြည့်စရာ ရင်တစုံလည်းမရှိ။အကြားအာရုံနဲ့ အားလေးတွေယူဖို့ စကားကဗျာစုံနဲ့ အားပေးနေသူလည်းမရှိ။ဂျော်နီဝါးကားတံဆိပ်အရက်နဲ့ တော်ကီများပွါး နှိပ်စက်မယ့် သူငယ်ချင်းလည်းမရှိ။ဆာလောင်မှုကိုဖြည့်ဆည်းနေခိုက်ဟာလူ့ ဘဝရဲ့ အထွတ်အထိပ် အရသာတဲ့။အာရုံသာရှိပြီးအသပြာပုံ မရှိခြင်းနဲ့ အကုန်ရတာသိပြီးသုညသာရှိခြင်းကတော့အခံရ အခက်ဆုံး ကာလပဲ။137ခရီးသည်ရှေ့ဆက်ဖို့ သိပ်ခက်လို့ စိတ်မပျက်နဲ့ ခရီးသည်။ကူညီသူတွေ လွှဲဖယ်လို့ ဇွဲမပြယ်နဲ့ ခရီးသည်။အသည်းမငယ်နဲ့ ခရီးသည်။အဆက်မပြတ် အကဲစမ်း လာထိုးမင်းရဲ့ခွဲတမ်း ကြမ္မာဆိုးကို...ခါးတယ်လို့ ဆိုမနေဘဲအားငယ်လို့ ငိုမနေဘဲရှားဖယ်ဖို့ အိုကေပဲလို့ ထားစို့ စိတ်ထဲ။(ကျနော် ကိုးတန်းအရွယ်က ရေးခဲ့တဲ့ ကဗျာလေးပါ။)138ဒေါက်ပြုတ်သွားတဲ့ ကျောက်ရုပ်သန်းခေါင်လက်တွေနဲ့ အမှောင်စက်တွေကိုအဆွေတော် ညကအရည်ဖျော်ချလို့ နေပြီ။ငါဟာမျက်နှာသေနဲ့ ကျောက်ရုပ်တယောက်ခုတော့မျက်လုံးထဲကလောက်တွေပါးပေါ်ကို တပေါက်ပြီး တပေါက်ငါ့ကိုသစ္စာဖောက်နေကြတယ်။ငါကမ္ဘာလို့ ထင်ထားခဲ့တဲ့ ဥခွံအနုလွန် ပြီးတော့ အက်ကွဲအပြင်ဘက်မှာ ငါမခံနိုင်တဲ့ ငရဲပဲ ရှိတယ်။ဘယ်အချိန်ကတည်းက ဝင်ခွေနေမှန်းမသိတဲ့ မီးတောက်မြွေတကောင်ငြိမ်းဖို့ ကြိုးစားလိုက်မှ ပါးပြင်ထောင်ပြီးဒီဂရီ ဆဲလ်စီးယပ်များစွာနဲ့ ငါ့စိတ်ကိုလောင်တယ်။139ပူပြီးသား ရင်ဘတ်ကို တစိမ့်စိမ့်ထပ်နွှေးရင်းခလုတ်ကို ညှစ်လိုက်ဖို့  ငါ့လက်ညှိုးက ကွေးကွေးလာတယ်။ငါ့စိတ်ကိုငါပြန်သတ်ဖို့ သွေးအေးလာတယ်။ငါ့ကိုငါ ဖွင့်ခဲ့တဲ့ သော့တချောင်းဟာရုတ်တရက်ပဲ ဓားတလက် အသွင်ပြောင်းငါ့ကိုမောင်းနေတဲ့ ကြိုးကိုဖြတ်လိုက်တယ်။ကိုယ့်နောက် ကိုယ်လိုက်ရင်းကိုယ်နဲ့ ဝေးကြိုးပြတ်သွားတဲ့စွန်ကလေးဟာလေထဲမှာတင် ပျက်စီးသွားနိုင်တဲ့အဖြစ်မောင်းနှင်အားအသစ် တခုခုရဲ့ လက်မှာဘဝသစ်ပြန်စခွင့်မှ ရပါတော့မလားအသံလွှင့်စက်နဲ့ ကင်မရာတွဲပြီးပါတဲ့ မျက်နှာတွေရှေ့မှာမှဒီအရှုံးသင်္ကေတတွေက တစက်ပြီး တစက်ယောက်မမြင်းစီးထွက်တယ်။သြော်...ရင်ထဲက ငလျင်နဲ့ ဒေါက်ပြုတ်သွားတဲ့ ကျောက်ရုပ်တယောက်မျက်လုံးထဲက လောက်တွေပါးပေါ်ကို တပေါက်ပြီး တပေါက်ငါ့ကို သစ္စာဖောက်နေကြပြီ။140ညအရက်တွေသောက်ပြီးအရှက်တွေ ပျောက်ခဲ့တဲ့ည။မီးမမှန်လို့ အကျည်းတန်နေတဲ့ည။feel မမှန်လို့ အထီးကျန် နေတဲ့ည။သာသာလေး လာထိရုံနဲ့ လဲခဲ့ရတဲ့ည။မကြာမကြာလေး လာမိရုံနဲ့ စွဲခဲ့ရတဲ့ည။အတု အစစ် တွေကို ခွဲခြားခဲ့တဲ့ည။မူုးယစ်ဝေကာ လဲသွားခဲ့တဲ့ည။လောကဓံကို အသပြာလေးနည်းနည်းနဲ့ ခံဆော့ခဲ့တဲ့ည။ကိုယ့်ကိုယ်ကို ယမကာလေးနည်းနည်းနဲ့ ပြန်ချော့ခဲ့တဲ့ည။အတိတ်ရက်တွေကို ခဏပြန်ခံစားဖို့ စိတ်ငှက်တွေ ထပျံသွားခဲ့တဲ့ည။လှံသွားထက်ထက်တွေ ရင်မှာစူးတဲ့ည။ခံစားချက်တွေ ဝင်ကာရူးခဲ့တဲ့ည။141ဘဝအနာတွေ သက်သာဖို့ အရသာတွေ ထွက်ရှာခဲ့တဲ့ည။အလှကဗျာ တပုဒ်နဲ့ မှောက်မှားဘဝတဏှာ တလုတ် ဖောက်စားခဲ့တဲ့ည။ခေတ်ရဲ့ မွန်းကျပ်မှုတွေကို ဖောက်ခွဲအနှစ်မဲ့ လွတ်လပ်မှုတွေနဲ့ ပေါက်ကွဲခဲ့တဲ့ည။သိုးမည်းတကောင် အရောင်ပြောင်းဖို့ အမေငေါက်တဲ့ညမိုးကြိုးပစ်သလို အသံကြီးနဲ့ တစ္ဆေခြောက်တဲ့ည။142ဘဝဘဝဟာအထိမခံတဲ့ ရွှေပန်းကန်တချပ်ပြန်ရစ်လို့ မရတဲ့ရုပ်ရှင်ရေနှစ်ခါ ချိုးလို့ မရတဲ့ မြစ်နှစ်ခါချစ်ရေးဆိုခွင့်မပေးတဲ့ အပျိုစင်နှစ်ခါ လက်ထပ်ခွင့် မရှိတဲ့ အိနြေ္ဒရှင်ကြွေကျသွားရင် နဂိုအတိုင်းပြန်ထားလို့ မရတော့တဲ့ပန်းတပွင့်၊ဘဝက ဖန်ခွက်တလုံးလိုပဲအက်လွယ် ကွဲလွယ်တယ်။ဘဝဟာ သူများတွေဆီက အတောင်ပံငှားပြီး ပျံနေရတဲ့ငှက်ပတ်ဝန်းကျင်နဲ့  မပြေလည်ရင်အတောင်ပံငှားလို့ မရဘူး။ဘဝဟာ စိတ်ကူးထဲက အမြင့် အတိုင်း အမြဲတမ်းလိုက်ပျံလို့ မရတဲ့ စင်ရော်အသိုင်းအဝိုင်းက ငှက်တွေထက် ပိုမြင့်မြင့်ပျံမိရင်ယောနသံစင်ရော်လို ဝိုင်းပြီး အပယ်ခံရတတ်တယ်။ဘဝဟာ အသိဥာဏ်လျှပ်စီးကိုအခြေအနေကြည့်ပြီးမှ လက်ခွင့်ရတဲ့ကောင်းကင်။ဘဝဟာ ပတ်ဝန်းကျင်နဲ့ ညှိပြီး အဖြတ်ခံလိုက်ရတဲ့ရှည်ထွက်နေတဲ့ ပေတံတချောင်း။143ဘဝဟာ ဖြောင့်ချင်တိုင်းဖြောင့်လို့  မရတဲ့သစ်ပင်အကြောင်းကြောင်းကြောင့် အုပ်စုကိုခွာဘယ်သူမှ မရှိတဲ့ ကွင်းပြင်ကြီးထဲမှာ ရပ်မိရင်မိုးကြိုးပစ်မှတ် ဖြစ်သွားနိုင်တယ်။ဘဝဟာ ပတ်ဝန်းကျင်အတိုင်း အရောင်လိုက်ပြောင်းရတဲ့ လိပ်ပြာဘဝဟာ ခေတ်ရေစီးကြောင်းအတိုင်း လိုက်မျှောရတဲ့ ဗေဒါဘဝဟာ အားကြီးသူတွေပြောရင် လိုက်ခေါင်းငြိမ့်ရတဲ့ ပုတ်သင်။ဘဝဟာ ရင်တွင်းဖြစ်တေးတွေကို မျိုသူများကြိုက်တဲ့ တေးတွေကို လိုက်ဆိုနေရတဲ့ငှက်အဲဒီ့ ငှက်ရဲ့ ရင်ထဲမှာ အသံတွေက အကျဉ်းကျနေတယ်။ဘဝဟာ သက်ရှိသက်မဲ့ ရန်သူသန်းပေါင်းများစွာကိုတယောက်တည်းနဲ့ ရင်ဆိုင်နေရတဲ့ စစ်ပွဲ။ဘဝဟာ အငိုမျက်လုံးတွေကို ဖုံးဖို့ အားတင်းပြီး ပြုံးနေရတဲ့ သံတမန်။ဘဝဟာ မာယာတွေနဲ့ ကစားရတဲ့ စစ်တုရင်ပွဲသူများဒိန်ခဲကို ရွှေ့ နိုင်မှအောင်မြင်မှုက ရတတ်တယ်။ဘဝဟာ ထုတ်ဝေခွင့်မရတဲ့ ကဗျာတပုဒ်၊ကိုယ်မနှစ်သက်တဲ့ ဘဝတခုကိုဖြတ်ညှပ်ကပ် ခင်းကျင်းပြရင်း144ကိုယ်လိုချင်တဲ့ ဘဝအစစ်ကိုတော့နေ့ ခင်းအိပ်မက်တွေ ညအိပ်မက်တွေ ထဲမှာပဲ သိမ်းထားလိုက်ရတော့တယ်။ဘဝဟာ ဟိုးမြေကြီးအတွင်းထဲမှာနစ်မြုပ်နေတဲ့ ကျောက်ရိုင်းဘယ်လောက်ပဲ တောက်ပနေပါစေတူးဖော်ပေးမယ့်သူ မရှိသေးသရွေ့ တန်ဖိုးက သုည။ဘဝဟာ အားကြီးသူတွေ ပြဌာန်းပေးထားတဲ့ သံလမ်းအတိုင်းကျဉ်းကျဉ်း ကြပ်ကြပ် ပြေးနေရတဲ့ ရထား။ကိုယ့်လမ်းအတိုင်း ကိုယ်သွားရင် မရှုမလှ တိမ်းမှောက်သွားနိုင်တယ်။ဘဝဟာ မတရားတဲ့ လောင်းကစားဝိုင်းဘဝတခုလုံးရင်းပြီး ကစားတာတောင်မှဒုက္ခတွေချည်းရချင်ရတတ်တယ်။လေပဲ အရင်းစိုက်တဲ့သူကလည်းအမြတ်အစွန်းတွေ ပိုက်ချင်ပိုက်သွားတာပဲ။ဘဝဟာကိုယ့်ကိုငြိုးနေတဲ့ ကြမ္မာစောင့်နတ်ရဲ့ လက်ထဲက အံစာတတုံး။သူကြွေအံကစားလိုက်တာနံပါတ် ၁၃ ချည်း ကျချင်ကျနေတတ်တယ်။ဘဝဟာ စတော်ဘယ်ရီ စိုက်ပေမယ့် ပဒိုင်းသီး သီးပေးချင်သီးပေးတဲ့သစ်ပင်နှင်းဆီရနံ့ လိုချင်လို့ နှင်းဆီပန်းပင် စိုက်ခါမှပန်းမပါဘဲ ဆူးတွေချည်းသက်သက် ပွင့်ချင်ပွင့်သေးတာ။145ဘဝဟာ တွက်ရခက်တဲ့ ပုစ္ဆာအကြောင်းကြောင့် အကျိုး ဖြစ်တယ်ဆိုပေမယ့်ကွင်းဆက်က ဝေးလို့ မှန်းချက်နဲ့ နှမ်းထွက် အလွဲမှာကွဲအက်သွားတဲ့ အသည်းကိုဘယ်သူပြန်ပြီးဆက်ပေးမှာလဲ။ဘဝဟာ မအောင်မြင်သေးတဲ့ ပန်းချီဆရာဝမ်းမဝ သေးတော့လည်းအပေါစား ဆိုင်းဘုတ်ပဲ ရေးစားနေရတော့တယ်။ဘဝဟာ မီးလောင်နေတဲ့ အိမ်တလုံးကိုယ့် အတ္တကိုယ် မနည်းသယ်ပြီးကိုယ်လွတ်ရုန်း ထွက်ပြေးနေရတော့တယ်။ဘဝဟာ တံလျှပ်တွေနောက် လိုက်ရင်းနဲ့ သားကောင်ဖြစ်သွားခဲ့ရတဲ့ မုဆိုးဘဝဟာ ရွေးစရာလမ်း မရှိလို့ မီးမှန်းသိလျက်နဲ့ ဝင်တိုးနေရတဲ့ ပိုးဖလံ။ဘဝဟာ နှစ်ကိုယ်ခွဲပြီး ကိုယ့်စိတ်နဲ့ ကိုယ် ပြန်ထိုးနေရတဲ့ ပဋိပက္ခကြိုးဝိုင်းဘဝဟာ ရွေ့ လျားနေတဲ့ ပန်းတိုင်ဘဝဟာ ဘယ်လောက်ပဲလျှောက်လျှောက် မရောက်တဲ့ခရီးဘဝဟာ စီစီဖတ်ရဲ့ ပုခုံးပေါ်က ကျောက်တုံးဘဝဟာ အချိန်ကျရင် အားကုန်သွားမယ့် ဘက်ထရီတလုံး...146ကဗျာချစ်သူငါဟာ ကဗျာလမင်းညကိုချစ်လို့ သာတာ။ငါ့ နဂိုအစစ်မို့ ဝါတာ။ငါဟာ ကောင်းကင်အမြင့် တက်ချင်စိတ်နဲ့ ငါနေတာ။ရင့် ကျက်ချင်စိတ်နဲ့ ပြာနေတာ။ငါဟာ ကဗျာသီချင်းသီချင်တဲ့ မဟာ နှင်းဆီတပွင့် ။ဥယျာဉ်မှာ မွှေးပျံ့ စေဖို့ အတွက်အနုပညာပေးဖြန့် ဝေဖို့ ဟာပန်းပွင့် တိုင်းရဲ့ အလုပ်။ငါ့ ကဗျာသီချင်းသစ်တွေကမ္ဘာ့ သတင်းဖြစ်စေရမယ်။လေပြင်းတွေလာခြွေလို့ သေမင်းဆီငါကြွေသွားရင်တောင်ကဗျာတွေကိုစုပ်ခဲ့ တဲ့ နှုတ်ခမ်းနဲ့ ကမ္ဘာမြေကိုနှုတ်ဆက်နမ်းခဲ့ မယ်။147ဘာမြူဒါနှုတ်ခမ်းကြွက်သားလေးအက‘ပန်း’ဆက်တံခါးလေး အဟမှာအလွန်ဆုံးကျယ်လှ တလက်မ ပေါ့။ဒါပေမယ့်နှင်းဆီနဲ့ တူတဲ့ အပေါက်ပုရိသတွေ ပြုတ်ပြုတ်ကျတတ်တဲ့ ချောက်ဟာစူပါမင်းတယောက်ကိုတောင်ခြေထောက်ဆွဲထားနိုင်တယ်။148“ အပိုင်းတဆယ်(ကဗျာအမြည်း စာအမြည်း)”“ဖြတ်လမ်းသည် ငါတို့ လမ်းမဟုတ်။ငါတို့ သည်အဖိုးတန် ကားများဖြစ်၍ ဖြတ်လမ်းအစုတ်မှ မသွားနိုင်။”149150• ဖြတ်လမ်းသည် ငါတို့ လမ်းမဟုတ်။ငါတို့ သည် အဖိုးတန်ကားများဖြစ်၍ ဖြတ်လမ်းအစုတ်မှ မသွားနိုင်။(“ငါတို့ ဖန်ဆင်းထားတဲ့ မြစ်” ကဗျာမှ)• ငါတို့ အားလုံးအိပ်မက်တွေကို ဓားလိုသွေးပြီးစိတ်ဓာတ်တွေကို ကျားလိုမွေးထားရမယ်။ကိုယ့် အသံ ကိုယ်မြှင့်ပြီးကိုယ့်အလံ ကိုယ်လွှင့်ရမယ်။ (“သမုဒ္ဒရာ အောက်မှာ”ကဗျာမှ)• ကဆုန်စိုင်းလာတဲ့ မုန်တိုင်းတရာကို ကြံ့ ကြံ့ခံဖို့အမှောင်ရက်ကြီးစိုးတဲ့ခုလိုတောင်တက် ခရီးမျိုးမှာတယောက်စိတ်နဲ့ တယောက်စိတ်ကြိုးတွေနဲ့ မြဲမြဲ ချိတ်ထားဖို့ လိုတယ်။ (“ကြိုး”ကဗျာမှ)• ငါသာ တန်ခိုးရှင်ဖြစ်ရင်သေနတ်သံတွေ မပါစေရဘဲစက်တင်ဘာကို ပြန်အသက်သွင်းပြီးငြိမ်းချမ်းရေး ‘လ’တစင်း ဖန်ဆင်းမယ်။အဲဒီ့လမင်းဟာကမ္ဘာကြီးရဲ့ အမှောင်မိုက်ဆုံးနေရာတွေမှာခရီးလှည့်ပြီး သာရမယ်။ (“ကြယ်တွေလွှတ်မယ့် သက်တန့် ရောင်စဉ်”ကဗျာမှ)151• အဲဒီ့ ကြယ်တွေပဲပေါ့။စက်တင်ဘာဆိုတဲ့ စာမျက်နှာထက်မှာသွေးစက်လက်နဲ့  ကဗျာဖွဲ့ လိုက်တာကမ္ဘာစောင့်နတ်တွေတောင် ကြက်သီးထတယ်။အဲဒီ့ ကြယ်တွေပဲပေါ့။အိုဟင်နရီရဲ့ နောက်ဆုံးသစ်ရွက်ကိုအသက်နဲ့ လဲပြီး ဆွဲခဲ့တာ။(“ကြယ်တွေလွှတ်မယ့် သက်တန့် ရောင်စဉ်”ကဗျာမှ)• ချီကွေဗားရားရဲ့ ရုပ်ပုံလွှာဟာအင်္ကျီတွေပေါ်မှာ ရိုက်ဖို့ မဟုတ်ဘူး။နှလုံးသားတွေပေါ်မှာ ရိုက်နှိပ်ထားဖို့ သာဖြစ်တယ်။(“ခေါင်းလောင်းသံတွေ မချိုတော့ဘူး” ကဗျာမှ)• ပွဲကြည့်ရင်း မျက်ရည်ကျရုံနဲ့ တော့ဇာတ်လမ်းကလည်းပြောင်းမှာ မဟုတ်ဘူး။(“ငါတို့ ဘဝနဲ့ မွှေးရမယ့် မီးတောက်” ကဗျာမှ)• ရက်စက်လိုက်တာ လေရိုင်းရယ်…ပွင့် ဖို့ အားယူနေတဲ့ ပန်းငုံလေးတွေကိုမှရွေးပြီးခြွေရက်တယ်နော်။(“လမ်းပျောက်သူ” ကဗျာမှ)• တစက်စက် ကျလာတဲ့ နေ့ တွေတောင်ပင်လယ်ကြီးထဲ ပြည့် တော့ မယ်….152ငါဘယ်ကို ရွက်လွှင့် ရမှာလဲ။(“လမ်းပျောက်သူ” ကဗျာမှ)• မိတ်ဆွေ….သင့်မှာ သွားစရာလမ်းကလဲ မရှိ၊ပြီးတော့ သင်ဟာ ဆင်တကောင်လဲ မဟုတ်ဘူးဆိုရင်သင်ဘာတွေလုပ်မလဲ။(“လမ်းပျောက်သူ” ကဗျာမှ)• သြော်...ဝမ်းတထွာဆိုတဲ့ သမုဒ္ဒရာ အောက်မှာငါတို့ နိုင်ငံ ပျောက်ခဲ့ပြီပဲ။(“သမုဒ္ဒရာ အောက်မှာ” ကဗျာမှ)• ကရုဏာတရားတွေ ထောင်အချ ခံရတဲ့ခေတ်ဗုဒ္ဓရဲ့ တရားတော်တွေတောင် ဆင်ဆာမလွတ်တော့တဲ့ခေတ်(“ဧရာဝတီရဲ့ ရင်သွေးများအတွက်” ကဗျာမှ)• “ဗိုလ်အောင်ဆန်းလို သူရဲကောင်းမျိုးမွေးရမယ်”ဆိုတဲ့စကားကိုမိဘအများစုက ဒဏ္ဍာရီထဲမှာထားခဲ့ကြပြီ။(“ခေတ်ကအတင်းရေးခဲ့တဲ့ ငါ့ရဲ့ အတ္ထုပ္ပတ္တိ” ကဗျာမှ)• ပွဲတပွဲကို မကြိုက်ရင် ထပြန်သွားခွင့် ရှိတယ်။ မကြိုက်တဲ့ အကြောင်းကိုလည်းဝေဖန်ခွင့်ရှိတယ်။ ဒါပေမယ့် ခဲနဲ့ပေါက်ခွင့်တော့ မရှိဘူး။(“ဘုရားသခင်.blogspot.com” ဝတ္ထုတိုမှ)153• သာမန်မဟုတ်တဲ့ နွံထဲကနေ လွတ်မြောက်ဖို့  သာမန်မဟုတ်တဲ့ အားထုတ်မှုတွေလိုလိမ့်မယ်။(“ဘုရားသခင်.blogspot.com” ဝတ္ထုတိုမှ)• တိုင်းပြည်ရဲ့  အနာဂတ်ဟာ လူငယ်တွေရဲ့ လက်ထဲမှာ ရှိတယ်တဲ့။လူငယ်တွေရဲ့  လက်ထဲမှာတော့ ဘောလုံးဂျာနယ်တွေ၊ အပေါစား မဂ္ဂဇင်းတွေနဲ့ခပ်ချောင်ချောင်ရခဲ့တဲ့ ဘွဲ့ လက်မှတ် တခုစီပဲရှိတယ်။(“ဘုရားသခင်.blogspot.com” ဝတ္ထုတိုမှ)• ကိုယ့်ကိုယ်ကို သားကောင်လို့ သဘောထားနေသရွေ့ မုဆိုးတွေကတော့ ပစ်မှာပဲ။ကြောက်လို့ ပြေးနေသေး သရွေ့  ဒုက္ခပေးဖို့ လိုက်မှာပဲ။ ပြန်ပြီး ရင်ဆိုင်ဖို့ပဲ ရှိတယ်။ပြောင်းလဲလာမှာ မဟုတ်တဲ့သူတွေကို စကားထဲ ထည့်ပြောနေလို့လည်း အပိုပဲ။သူတို့ကို ပြောင်းလဲဖို့ အလားအလာနည်းတဲ့ ကိန်းသေတွေလို့ ပဲ မှတ်လိုက်။ လိုချင်တဲ့အဖြေထွက်ဖို့ ကိုယ့်ဘက်ကိုကိုယ် ပြောင်းလဲဖို့ ပဲရှိတယ်။(“ဘုရားသခင်.blogspot.com” ဝတ္ထုတိုမှ)file:///C:/Users/Administrator/Downloads/Documents/MaKyutThayDeltTaSay.pdf
file:///C:/Users/Administrator/Downloads/Documents/%E1%80%94%E1%80%90%E1%80%B9%E1%81%80%E1%80%84%E1%80%B9%E1%80%9E%E1%80%8A%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8.pdf
ကလျာ ကံချွန် ကာတွန်းအောင်ရှိန် ကြည်အေး ခင်ခင်ထူး ခင်မျိုးချစ် ခင်ဆွေဦး ခင်မောင်တိုး ခင်နှင်းယု ချက်နည်းပြုတ်နည်း ချစ်စံဝင်း ချစ်ဦးညို ဂျာနယ်ကျော်မမလေး ဂျူး စမ်းစမ်းနွဲ့ စိုင်းစိုင်းခမ်းလှိုင် စိုးမြတ်သူဇာ ဆွေဆွေအောင် ဇ၀န တတိုင်းမွှေးဂျာနယ် တက္ကသိုလ်ဘုန်းနိုင် တက္ကသိုလ် နေလင်းအောင် တာရာမင်းဝေ ထူးဆွေအောင် ဒဂုန်တာရာ ဒဂုန်ရွှေမျှား Dr.နိုက်တင်ဂေလ်း ဒေါက်တာနန်းဥမ္မာ ဒေါ့က်တာမြင့်မြင့်ခင် နန္ဒသူ နုနုရည်(အင်းဝ) နီကိုရဲ နွမ်ဂျာသိုင်း နတ်နွယ် နေ၀င်း(လန်ဒန်) ပါရဂူ ပုညခင် ပိုးဇာ ပြည့်ပိုင်မှူးအိမ် ဖိုးကျော့ ဗိုလ်ချုပ်အောင်ဆန်း ဘာသာပြန် မဂ္ဂဇင်း မစန္ဒာ မစန္ဒာ မနော်ဟရီ မဟာဆွေ မဦး မင်းခိုက်စိုးစံ မင်းမြတ်သူရ မင်းလူ မင်းသိင်္ခ မန်းတင် မြသန်းတင့် မိုးငြိမ်းဧ မိုးဆက်လင်းထက် မိုးမိုး(အင်းလျား) မောင်သစ်စိမ်း မောင်မောင်ထွန်းအောင် မောင်နှင်းဆွေ Dr.မောင်မောင်ညို ရဲစတိုင်း ရွှေဥဒေါင်း လမင်းမို့မို့ လူထုဒေါ်အမာ ၀င်းဝင်းမြင့် ၀ိဇ္ဖာ ဝေမှူးသွင် ဝေေ၀အောင် သင်းသင်းသာ သတိုးတေဇ သမိုင်းစာအုပ်များ သာဂဒိုး Dr.သီဟ သော်က သိုင်းစာအုပ်များ ဦးသုခ အထင်ကရ အဏ၀ါစိုးမိုး အကြည်တော် အောင်သင်း Dr.အောင်ခင်ဆင့် Saturn God အမျိုးသားစာရေးဆရာ အမျိုးသမီးစာရေးဆရာ Bookshelf Selection Featured IT Books Medical Books poem User Shared Ebooks